DVB Logo
Home
မြန်မာသတင်း
ကျိုက်မရောမြို့နယ် ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်
DVB
·
April 9, 2024
ကျိုက်မရောမြို့နယ် ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာတွေကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက ဧပြီ ၈ ရက်မှာ လေကြောင်း စစ်သ‌င်္ဘော၊‌ မြေပြင်တပ်တို့မှ လက်နက်ကြီးတွေနဲ့ လေးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ မွန်ဖက်ဒရယ်ကောင်စီထံက သိရပါတယ်။

ကျိုက်‌မရောမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက နေ့လယ် ၂ နာရီ နဲ့ ညနေ ၅ နာရီလောက်မှာ မြေပြင်နဲ့ လေကြောင်းကရော မြစ်ထဲကနေ ရေတပ်သင်္ဘောကနေပါ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဓမ္မသကျေးရွာရှိနေအိမ်တွေ တတိယအကြိမ်မြောက်မီးလောင်ကျွမ်းခဲ့သလို ကော့ဒွန်း၊ ကော့ပနာရွာတို့မှာလည်း ပထမဆုံးအကြိမ် မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပါတယ်။

ကျိုက်မရောဒေသခံတဦးက "လေယာဉ်နဲ့ကော စစ်‌သင်္ဘာနဲ့ပါ ပစ်တာ အကုန်လုံး မီးလောင်ကုန်ပြီ။ ရွာထဲမှာလည်း တယောက်မှမရှိဘဲ အကုန်စစ်ရှောင်နေရလို့ မီးငြှိမ်းမယ့်သူတွေလည်း မရှိဘူး။ ထိခိုက်မှုတွေကတော့ မသိပါဘူး။ အိမ်တွေ မီးလောင်နေတာပဲတွေ့တာ" လို့ ပြောပါတယ်။

စစ်ကောင်စီက ည ၉ နာရီလောက်မှာလည်း  လေကြောင်းကနေ ကော့ကလိန်းရွာနဲ့ အံကစင်ရွာကြားကို  ဗုံးသုံးလုံးချတိုက်ခိုက်ခဲ့သလို အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

တဆက်တည်းမှာ မော်ရဝတီရေတပ်ဌာနချုပ်က စစ်ရေယာဉ် နှစ်စီးကလည်း အတ္တရံမြစ်အဝင်(ငန်းတေးချောင်း) ကနေ ဓမ္မသရွာ နဲ့ သံကလောင်ကြားကို တာဝေးပစ်ဒုံး နှစ်လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ခမရ ၈၁ ကလည်း တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ည ၁၁ နာရီအချိန်မှာလည်း လေကြောင်းနဲ့ထပ်မံဗုံးကြဲခဲ့ပါတယ်။

မွန်ဖက်ဒရယ်ကောင်စီ လူသားချင်းစာနာမှုနဲ့ ကယ်ဆယ်ရေးဌာနမှူးမိဆုတဂျိုက "နေ့ခင်းကနေစပြီး တောက်လျောက်ကြဲနေတာ။ ရေကြောင်း၊ လေကြောင်း၊ မြေပြင်ကနေ ဆက်တိုက်ကြဲနေတာ။ မီးလောင်တာ မြင်နေရတယ်ဆိုပေမဲ့ ထိခိုက်မှုတော့မသိရသေးဘူး။ ဓမ္မသဘုန်း‌ကြီးကျောင်းကတော့ မီးလောင်တာ ကုန်လောက်ပါပြီ။ အဲ့က စစ်ရှောင်တွေကိုတော့ ကယ်ထုတ်ထားပြီးပါပြီ။ ကော့ဒွန်းနဲ့ကော့ပနာက ပထမဆုံးအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီလက်နက်ကြီးကြောင့် ကျိုက်မရောမြို့နယ်အတွင်းက ပြည်သူ ၅၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်ဦးရေ ၁ သိန်းထိ တိုးလာနိုင်တယ်လို့ မွန်ဖက်ဒရယ်ကောင်စီကနေ သိရပါတယ်။

စစ်ကောင်စီတပ်များက ဓမ္မသရွာနဲ့အနီးနားကျေးရွာတွေမှာ အုပ်စုလိုက် အိမ်ဖောက်ပြီး ပစ္စည်းတွေနဲ့ ဆိုင်ကယ်တွေ လုယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013