DVB Logo
Home
နိုင်ငံတကာ
ကုလအဖွဲ့ဝင်အဖြစ် ပါလက်စတိုင်း လျှောက်ထားမှု စိစစ်ရေးကော်မတီသို့ လွှဲပြောင်း
DVB
·
April 9, 2024
ကုလအဖွဲ့ဝင်အဖြစ် ပါလက်စတိုင်း လျှောက်ထားမှု စိစစ်ရေးကော်မတီသို့ လွှဲပြောင်း
Donate to DVB

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ ကုလသမဂ္ဂ တင်းပြည့်အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့် လျှောက်လွှာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌက အဖွဲ့ဝင်သစ် စိစစ်လက်ခံရေး ကော်မတီကို ဧပြီ ၈ ရက်က လွှဲပြောင်းပေးလိုက်ပါတယ်။

ဧပြီလအတွက် အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မော်လ်တာနိုင်ငံက သံအမတ်ကြီး ဗန်နက်ဆာဖရေဇီယာက ပါလက်စတိုင်းရဲ့ လျှောက်ထားမှုကို လက်ခံစဉ်းစားဖို့အရေး ကော်မတီမှာ ဆွေးနွေးကြဖို့ အဆိုပြုခဲ့ပါတယ်။ 

၂၀၁၁ ခုနှစ်ကတည်းက တင်းပြည့်အဖွဲ့ဝင် ဖြစ်ဖို့ လျှောက်ထားခဲ့တာကို ပြန်လည်စဉ်းစားပေးဖို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ကုလသမဂ္ဂကို ပြီးခဲ့တဲ့အပတ်က တရားဝင် တောင်းဆိုခဲ့တာပါ။ 

လက်ရှိမှာ ပါလက်စတိုင်းဟာ အဖွဲ့ဝင်မဟုတ်တဲ့ လေ့လာသူနိုင်ငံအဖြစ်သာ ကုလသမဂ္ဂမှာ တက်ရောက်ခွင့်ရတာ ဖြစ်ပါတယ်။ အဖွဲ့ဝင် ၁၅ ဦးပါ ကော်မတီက လျှောက်လွှာကို စိစစ်မှာဖြစ်ပြီး အဖွဲ့ဝင်ဖြစ်ဖို့ လိုအပ်ချက်တွေ ကိုက်ညီ၊ မညီကို အကဲဖြတ်တာပါ။ 

ပြီးတဲ့အခါ ချောင်ထိုးထားနိုင်သလို လုံခြုံရေးကောင်စီကို တင်ပြီး မဲခွဲ ဆုံးဖြတ်တာလည်း လုပ်နိုင်ပါတယ်။ အဖွဲ့ဝင်အဖြစ် လက်ခံဖို့ အနည်းဆုံး ထောက်ခံမဲ ကိုးမဲ လိုသလို၊ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံထဲက တနိုင်ငံကမှ ဗီတိုအာဏာသုံး မကန့်ကွက်ဖို့လည်းလိုပါတယ်။ 

ပါလက်စတိုင်းရဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ရီယာ့ဒ်မန်ဆော်က “ကျနော်တို့ရဲ့အဆင့်အတန်းကို လေ့လာသူနိုင်ငံအဆင့် ပြောင်းလဲသတ်မှတ်ခဲ့တာ ၁၂ နှစ်ကြာ အပြီးမှာ ပါလက်စတိုင်းနိုင်ငံကို တင်းပြည့်အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ပေးခြင်းအားဖြင့် နှစ်နိုင်ငံ အတူယှဉ်တွဲပေါ်ပေါက်ရေး ကမ္ဘာလုံးဆိုင်ရာ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ လုံခြုံရေးကောင်စီက လုပ်ဆောင်ပေးမယ်လို့ ကျနော်တို့ ရိုးသားစွာ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

Source/Photo-REUTERS/Andrew Kelly

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013