DVB Logo
Home
မြန်မာသတင်း
ဒုစစ်ခေါင်းဆောင်နှင့်အဖွဲ့ မော်လမြိုင်၌ အစည်းအဝေးထိုင်နေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
April 9, 2024
ဒုစစ်ခေါင်းဆောင်နှင့်အဖွဲ့ မော်လမြိုင်၌ အစည်းအဝေးထိုင်နေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
1 / 2
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မှာရှိတဲ့ စစ်ကောင်စီတပ် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်ဝင်းအတွင်းမှာ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့အဖွဲ့ အစည်းအဝေးထိုင်နေချိန် ဧပြီ ၈ ရက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မနေ့ညနေ ၅ နာရီ ၁၀ မိနစ်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း  စစ်ကောင်စီ ဒုခေါင်းဆောင်နဲ့အဖွဲ့ အစည်းအဝေးလုပ်နေချိန် ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ Alpha bats တပ်ဖွဲ့က မြေပြင်လုံခြုံရေးတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး Fixed Wing Drone နဲ့ တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ဖော်ကာနဲ့ ဂျက်လေယာဉ် နှစ်စီးလည်း ချက်ချင်းပြန်တက်သွားခဲ့တယ်လို့ ‌ဆိုပါတယ်။

Alpha Bats Drone Force တာဝန်ရှိသူတဦးက "ရတခထဲကို ကာမီကာဇေလို့ခေါ်တဲ့ Fixed Wing Drone တွေ အသုံးပြုပြီးတိုက်ခိုက်ခဲ့တာပါ။ ရတခထဲကျရောက်ပေါက်ကွဲခဲ့တယ်။ ထိခိုက်မှု အခြေအနေတော့ မသိရသေးဘူး" လို့ ပြောပါတယ်။

‌အရှေ့တိုင်းစစ်ဌာနချုပ်ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်က မော်လမြိုင်မြို့အတွင်း လေယာဉ်ပျံသန်းမှုရှိနေသလို လက်နက်ကြီး ပစ်ခတ်မှုလည်း ရှိတယ်လို့ မော်လမြိုင်မြို့ခံ တဦးက ပြောပါတယ်။

"သူတို့တိုက်ခိုက်ခံရပြီးထဲက လက်နက်ကြီးနဲ့ပစ်တာ အိမ်ပါတုန်တယ်။ လေယာဉ်တွေလည်း မြို့ထဲမှာ တောက်လျောက်ဝဲနေတာ။" 

စစ်ကောင်စီတပ်သားတွေက မော်တော်ကားတွေနဲ့ ည ၇ နာရီကျော်ကစပြီး မော်လမြိုင်မြို့အတွင်း ကင်းလှည့် နေသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက်ကလည်း ‌မော်လမြိုင်အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013