DVB Logo
Home
နိုင်ငံတကာ
ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှု နှစ် ၃၀ ပြည့် အောက်‌မေ့ဖွယ်အထိမ်းအမှတ် ဆုတောင်း
DVB
·
April 8, 2024
ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှု နှစ် ၃၀ ပြည့် အောက်‌မေ့ဖွယ်အထိမ်းအမှတ် ဆုတောင်း
Donate to DVB

လွန်ခဲ့တဲ့ နှစ် ၃၀ က ရဝမ်ဒါ လူမျိုးတုံး သတ်ဖြတ်မှုအတွင်း အသတ်ခံခဲ့ရတဲ့ တွစ်ဆီနဲ့ အစွန်းမရောက်သူ ဟူတူ တိုင်းရင်းသား စုစုပေါင်း အယောက်တသန်းကျော်တို့ရဲ့ အသက်ကို အောက်မေ့တဲ့အထိမ်းအမှတ်အဖြစ် ဧပြီ ၇ ရက် ညနေက ဆီမီးထွန်း ဆုတောင်းခဲ့ကြပါတယ်။

၁၉၉၄ ခုနှစ် ဧပြီ ၇ ရက်ကစပြီး ရက်ပေါင်း ၁၀၀ ကျော်အတွင်း တွစ်ဆီနဲ့ အစွန်းမရောက်တဲ့ ဟူတူ တိုင်းရင်းသားတွေဟာ ရဝမ်ဒါစစ်တပ်နဲ့ နိုင်ငံခြားမှာလှုပ်ရှားတဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဦးဆောင်တဲ့ ဟူတူအစွန်းရောက်တွေရဲ့ စနစ်တကျ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။

၂၀၀၀ ပြည့်နှစ်ကတည်းက သမ္မတဖြစ်ခဲ့တဲ့ ရဝမ်ဒါသမ္မတ ပေါလ် ကာဂါးမေက သူ့ရဲ့ အဲဒီအချိန်က သူပုန်တပ်ဖွဲ့ ရဝမ်ဒါ မျိုးချစ်တပ်ဦးက လူမျိုးတုံးသတ်ဖြတ်မှု အဆုံးသတ်ဖို့ ၁၉၉၄ ခုနှစ်မှာ ကီဂါလီမြို့ဆီ ချီတက်လာပြီး ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

သူ့နိုင်ငံဟာ ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ ကြီးမားတဲ့ခြေလှမ်းတွေ လှမ်းလာခဲ့တယ်လို့ သမ္မတ ကာဂါးမေက ပြောပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု အဆုံးသတ်ပြီးကတည်းက ငြိမ်းချမ်းရေးနဲ့ စီးပွားရေး တိုးတက်မှုတို့အတွက် သမ္မတ ကာဂါးမေကို နိုင်ငံတကာက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

နိုင်ငံရေးအတိုက်အခံတွေကို နှိပ်ကွပ်တာနဲ့ အမှီအခိုကင်းတဲ့ မီဒီယာတွေကို နှောင့်ယှက်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်တာကို ရင်ဆိုင်နေရပြီး စွဲချက်တွေကို ကာဂါးမေနဲ့ သူ့အစိုးရက ငြင်းဆိုထားပါတယ်။

Source/Photo-REUTERS/Jean Bizimana

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013