DVB Logo
Home
မြန်မာသတင်း
တင်သားရွာအနီး တိုက်ပွဲပြင်းထန်နေ၊ ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးနေရ
DVB
·
April 7, 2024
တင်သားရွာအနီး တိုက်ပွဲပြင်းထန်နေ၊ ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးနေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း တင်သားရွာအနီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး  တင်သားရွာက ဒေသခံ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၆ ရက်မနက်က ကြံသာကျေးရွာဘက်ကနေ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက တင်သားရွာအလယ်ခုံ တောတိုက်ဘက်ကို စစ်ကြောင်းထိုးခဲ့ရာ တင်သားရွာအရှေ့ပိုင်း ငါအင်းစာသင်ကျောင်းအနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

တင်သားရွာသူတဦးက “ရုတ်တရက်ကြီး စစ်ကြောင်းကဝင်ခဲ့တာ။ ဘိုဆန်းသရက်တောတိုက်နဲ့ ငါးအင်းစာသင်‌ကျောင်းဘက်မှာ တိုက်ပွဲ‌တွေဖြစ်နေတာ။ တောသွားတဲ့ သူတွေ အဖမ်းခံရတာတွေ ကြားတယ်။ အတိအကျ မသိရ‌သေးဘူး။ ဖုန်းလိုင်းတွေလည်း မနေ့က စပြတ်‌နေတာ ရတချက် မရတချက်နဲ့။ လက်နက်ကြီး‌တွေလည်း တောက်လျှောက်ပစ်နေတာ။ အခုတရွာလုံး ပြေးနေကြရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းကြောင့် တင်သားရွာအပါအဝင် ကျောက်ဖူးရွာ၊ ငါအင်းတောတိုက်က ဒေသခံတွေ အပါအဝင် ဒေသခံ ၁၀,၀၀၀ ကျော်ဟာ တောတောင်တွေနဲ့ နီးစပ်ရာ တခြား ကျေးရွာတွေဘက်မှာ တိမ်းရှောင်နေကြရတာပါ။

ကလေးနယ်တောင်ပိုင်းက ဒေသခံတဦးက “သူတို့(စစ်ကောင်စီ)က တင်သားဘက်ကို စစ်ကြောင်းက ထိုးချင်နေတာကြာပြီ။ တော်တော်နဲ့မဝင်နိုင်လို့ နေနေကြရတာ‌လေ။ သူတို့ရွာကနေ လက်နက်ကြီးနဲ့က ခဏခဏပစ်နေတာ” လို့ ပြောပါတယ်။

Photo - ၂၀၂၂ ခုနှစ်က တင်သားရွာသားများ စစ်ဘေးရှောင်စဉ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013