DVB Logo
Home
မြန်မာသတင်း
ရဲတပ်သား ၁ ဦး သေနတ် ၂ လက်၊ ခဲယမ်းများနှင့်အတူ မြိုင်ပကဖထံ အလင်း၀င်
DVB
·
April 7, 2024
ရဲတပ်သား ၁ ဦး သေနတ် ၂ လက်၊ ခဲယမ်းများနှင့်အတူ မြိုင်ပကဖထံ အလင်း၀င်
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က တပ်သားအဆင့်ရှိသူ ရဲတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်း၀င်ရောက်လာတယ်လို့ မြိုင်-ပကဖက ပြောပါတယ်။

မြိုင်-ပကဖရဲ့ ပြောရေဆိုခွင့်ရှိသူတဦးက “ကျန်ခဲ့တဲ့ ဧပြီ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ ရဲတပ်သား တိုးပြည့်ချမ်းသာ က G-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ G-3 ကျည် ၁၀၅ တောင့်၊ စက်လက်သေနတ် ၁ လက်၊ ဘောက်ဝိုင်း ၁ ခုနဲ့ စက်လက်ကြည် ၅၀၃ တောင့်နဲ့ အတူ ကျနော်တို့ မြိုင်-ပကဖ ဆီကို အလင်း၀င်လာတာပါ” လို့ ပြောပါတယ်။

အလင်း၀င်ရောက်လာတဲ့ ရဲတပ်သား တိုးပြည့်ချမ်းသာဟာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်လိုတာကြောင့် လွတ်မြောက်နယ်မြေကို မသွားရောက်ဘဲ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်လုပ်ရေးစခန်းမှာ ဖောက်ခွဲရေးပညာရပ်တွေကို သင်ကြားနေတယ်လို့ ဆိုပါတယ်။

“မတ် ၁၃ ရက်က ပြည်သူ့ကာကွယ်ရေးတပ်သားအချို့ စစ်ကောင်စီ တပ်သားအသွင်ယူခဲ့တုန်းက အခု အလင်း၀င်လာတဲ့ တိုးပြည့်ချမ်းသာနဲ့ ချိတ်ဆက်မိခဲ့ပြီး အခုလို အလင်း၀င်လာတာ” လို့ မြိုင်-ပကဖ ရဲ့ တာ၀န်ရှိသူက ဆိုပါတယ်။

မြိုင်-ပကဖထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်း၀င်ရောက်လာတဲ့ ရဲတပ်သား တိုးပြည့်ချမ်းသာကို ဆုကြေးငွေအဖြစ် ကျပ်သိန်း ၁၅၀ ချီးမြှင့်လိုက်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013