DVB Logo
Home
မြန်မာသတင်း
ဇီးကုန်းတွင် ရဲတပ်သားနှင့် ပျူစောထီး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
July 22, 2026
Photo: တော်လှန်ရေးရဲဘော်တဦး
Photo: တော်လှန်ရေးရဲဘော်တဦး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီကုန်းမြို့အတွင်းမှာ ဇူလိုင် ၂၁ ရက် မနက် ၈ နာရီက ရဲတပ်သားတယောက်နဲ့ ပျူစောထီးတယောက် ပစ်ခတ်ခံရပြီး တယောက်သေဆုံးကာ တယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဇီးကုန်းမြို့ခံတွေဆီကနေ သိရပါတယ်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးတို့ဟာ ဇီကုန်းရဲစခန်းကနေ မြို့အတွင်းကို ထွက်လာစဉ် အခုလို ပစ်ခတ်ခံရတာလို့ သိရပါတယ်။

ဇီးကုန်းမြို့ခံတယောက်က “မြို့အဝင်မဟုတ်ဘူး။ မြို့အတွင်း သံလမ်းအကူးအ‌ရှေ့ဘက် 212 တည်းခိုခန်းအ‌‌ရှေ့မှာ ပစ်ခတ်ခံရတာ။ အပစ်ခံရတာ ၂‌ ယောက်စလုံး အပစ်ခံရတာ။ သူတို့ ပစ်ခတ်ပြီး ကားနဲ့ လာတင်ခေါ်သွားတာ။ အစက‌တော့ ၂ ယောက်စလုံး သေတယ်မှတ်နေကြတာ။ ရဲစခန်းနဲ့ နီးစပ်‌သူတွေကို စုံစမ်းကြည့်တော့ တဦးကတော့ သေတယ်။‌ နောက်တဦးက‌တော့ ဒဏ်ရာ ပြင်းထန်ရတယ်လို့ သိရတယ်။ အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ်လို့လည်း ပြောတယ်” လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်မှုမှာ သေနတ် ၂ လက်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲ့သတင်းက အတည်ဖြစ်တယ်ဗျ။ ကျ‌နော်တို့အဖွဲ့ဘက်က အထိခိုက်မရှိ ရန်သူ့နယ်မြေထဲကနေ ထွက်လာနိုင်ခဲ့ပါပြီ” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်ကတော့ ရဲတယောက်နဲ့ ပျူစောထီးတယောက် ပစ်ခတ်ခံရပြီးနောက် မြို့အဝင်အထွက် ဂိတ်တွေကို ပိတ်ဆို့ကာ မြို့အတွင်း ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ဇီးကုန်းမြို့ဟာ ကန့်ဘလူမြို့နယ်ထဲက မြို့ခွဲတခုဖြစ်ပြီး စစ်တပ်ပိုင် သကြားထုတ်လုပ်တဲ့စက်လည်း ရှိတဲ့မြို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013