DVB Logo
Home
မြန်မာသတင်း
ဆီဆိုင် စစ်ဘေးရှောင်များ သောက်သုံးရေ လိုအပ်နေ
DVB
·
April 7, 2024
ဆီဆိုင် စစ်ဘေးရှောင်များ သောက်သုံးရေ လိုအပ်နေ
Donate to DVB

ပူပြင်းလာတဲ့ ရာသီဥတုကြောင့် ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းဒေသ ဆီဆိုင်စစ်ရှောင်တွေအတွက် အရင်ကထက် သောက်ရေ၊ သုံးရေလိုအပ်ချက် များလာနေတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေဆီက သိရပါတယ်။

နှစ်စဉ် နွေရာသီရောက်တိုင်း ရေလိုအပ်ချက်များနေခဲ့ပေမဲ့ အခုလို စစ်ဘေးရှောင်နေရတဲ့ ကာလမှာ လူစုပြီး နေထိုင်ရတဲ့အတွက် ရေကို ပိုပြီး လိုအပ်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ရှောင်အရေး အကူအညီပေးနေသူတယောက်က “အခုချိန်မှာ အစုလိုက်အပြုံလိုက် စစ်ရှောင်ရတော့ ရေက တအားလိုတာ။ ရေသောက်ရင် အနည်ထိုင်အောင်လုပ်ပြီးမှ သောက်ရတယ်။ အပင်တွေကလည်း ရွက်ကြွေနေတဲ့ အချိန်။ အရိပ်ကလည်း မရဘူး။ သောက်ရေရဖို့ အဝေးကြီး သွားခပ်ရတယ်။ ဘူးအဝါတွေနဲ့ သွားသယ်ရတာ။ တခါသယ်လည်း တဘူးပဲ ရတယ်။ ဆီဆိုင်အရှေ့ဘက်က တောတောင်ထဲမှာ ရောက်နေတဲ့ စစ်ရှောင်တွေက ပိုဆိုးတယ်။ အဲဒီဘက်မှာ အရင်က ရွာခံတွေတောင် ရေဝယ်သုံးရတယ်” လို့ ပြောပါတယ်။

တချို့စစ်ရှောင်စခန်းမှာတော ဂါလံ ၃,၀၀၀ ဆံ့ ရေကားတစီးကို ကျပ် ၅ သောင်းကနေ ၁ သိန်းကြား ဈေးကြီး ပေးဝယ်သုံးနေရတဲ့အတွက် စစ်ရှောင်သူတွေ ရေအလုံအလောက် မရရှိတာတွေ ကြုံနေရပါတယ်။

တောတောင်ထဲမှာ စစ်ရှောင်နေရတဲ့သူတွေအတွက် သောက်သုံးရေ လိုအပ်တာအပြင် နွေရာသီမှာ ရာသီဥတုပူပြင်းမှုကြောင့်  ရေတွင်း ရေကန်တွေ ခန်းခြောက်တာ၊ သစ်ကိုင်းခြောက် ကျိုးကျပြီး တောမီးလောင်တာ စတဲ့ သဘာဝဘေးအန္တရာယ် ခြိမ်းခြောက်မှုတွေကိုလည်း စိုးရိမ်နေရပါတယ်။ 

စစ်ရှောင် အမျိုးသမီးတယောက်က “မျက်နှာသစ်ဖို့တောင် ရေမရှိဘူး။ ဆပ်ပြာနဲ့မသစ်ရဘူး၊ မျက်နှာကို ရေစိုရုံစွတ်ရတယ်။ ရေရှားတော့ ပုံမှန်ရေချိုးရတာ မရှိဘူး။ ချောင်းထဲက ရေစိမ်းပဲ သောက်တာ။ အဝတ်လည်းမ လျှော်ရဘူး။ ဖုန်တွေလည်း အလိမ်းလိမ်းနဲ့၊ ကလေးအဝတ်ဆိုရင် ရေတခါကျင်းနဲ့ပဲ လျှော်ရတယ်။ ကလေးတွေ ဦးစားပေးရတာပေါ့” လို့ ပြောပါတယ်။

အခု စစ်ဘေးရှောင်တွေ ရောက်ရှိနေတဲ့ ဆီဆိုင်မြို့အရှေ့ဘက် တောင်ရှေ့၊ လွယ်ပွတ်နဲ့ နောင်ကျောကျေးရွာအုပ်စုအတွင်းက နေရာတွေဟာ ရေထွက်မရှိသလို မြေအောက်မှာလည်း ဂလိုင်တွေပဲများတဲ့အတွက် စစ်ရှောင်တွေဟာရေအခက်အခဲကြုံနေရတာဖြစ်ပါတယ်။

ဆီဆိုင်မှာ စစ်ဘေးရှောင် ၁ သိန်းကျော်ရှိတဲ့အနက် နီးစပ်အဆင်ပြေရာ တောတောင်တွေထဲ စစ်ရှောင်သူ စုစုပေါင်း ခန့်မှန်း ၃ သောင်းကျော်ရှိပြီး ရေအလှူအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013