DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် တပ်စခန်းနှင့် ဂိတ် ဗုံးကြဲခံရပြီး စစ်သားနှင့်ပျူစောထီး ၃ ဦးသေ
DVB
·
April 7, 2024
ပခုက္ကူတွင် တပ်စခန်းနှင့် ဂိတ် ဗုံးကြဲခံရပြီး စစ်သားနှင့်ပျူစောထီး ၃ ဦးသေ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာနဲ့ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၃ ယောက် သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိနိုင်တယ်လို့ မြိုင် ပကဖ ဆီကနေ သိရပါတယ်။

မြိုင် ပကဖ တာ၀န်ခံတယောက်က “ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့၊ ညနေ ၆ နာရီလောက်မှာ ပြည်သူတွေကို သူတို့စိတ်မထင်ရင်မထင်သလို ဖမ်းဆီးရိုက်နှက် ညှင်းပန်းနှိပ်စက်တာ၊ ပြည်သူတွေရဲ့ကားတွေဆီကနေ ဆက်ကြေးတောင်း ပစ္စည်းလုယူနေတဲ့ ကန်တော်ကျေးရွာက သူတို့ ယာယီတပ်စခန်းကို ဒရုန်းနဲ့အီနာဂါဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ” လို့ အတည်ပြုပြောပြပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီနဲ့ပျူစောထီးတွေဘက်က အသေအပျောက်စာရင်းကို မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ဧပြီ ၆ ရက်နေ့ မနက်ပိုင်းမှာတော့ ဂိတ်စခန်း ၂ ခုကို ထပ်ပြီးတိုက်ခိုက်တာကြောင့် စစ်သားနဲ့ ပျူစောထီး ၃ ယောက်သေဆုံးတယ်လို့ သိရပါတယ်။

Black Cobra အဖွဲ့တာဝန်ရှိသူက “ဧပြီလ ၆ ရက်နေ့ မနက် ၇ နာရီလောက်မှာ ညောင်ပင်လှလမ်းခွဲက သူတို့ဂိတ်စခန်း ၂ ခုကို အီနာဂါဗုံး ၈ လုံးစီ ၂ ရက်ဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့လို့ စခနဲ့ပျူ ၃ ကောင် ငရဲရောက်သွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကို မြိုင်-ပကဖ၊ PKU Thurain၊ Young Force (UG)၊ Kamma Defence Force (KMDF)၊ ဓားမင်းကြီးတပ်ဖွဲ့ (DMG) နဲ့ ကမ္မတပ်ပေါင်းစုတို့ ပူးပေါင်းတိုက် ခိုက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013