DVB Logo
Home
မြန်မာသတင်း
သင်္ကန်းညီနောင်စခန်းကို KNLA သိမ်းပိုက်၊ တပ်မိသားစုအပါအဝင် တပ်သား ၆၀၀ ကျော်လက်နက်ချ
DVB
·
April 7, 2024
သင်္ကန်းညီနောင်စခန်းကို KNLA သိမ်းပိုက်၊ တပ်မိသားစုအပါအဝင် တပ်သား ၆၀၀ ကျော်လက်နက်ချ
1 / 6
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ကန်းညီနောင်အခြေစိုက်ဗျူဟာစခန်းကို ဧပြီ ၅ ရက်နေ့မှာ KNLA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တပ်မိသားစုဝင်တွေ အပါအဝင် တပ်ဖွဲ့ဝင် ၆၀၀ ကျော် လက်နက်ချခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) က ထုတ်ပြန်ခဲ့ပါတယ်။

၁၉၆၈ ခုနှစ်ကစပြီး နှစ်ပေါင်း ၅၆ နှစ်ကြာ အခြေချခဲ့တဲ့ အရှေ့တိုင်းစစ်ဌာနချုပ်လက်အောက်ခံ သင်္ကန်းညီနောင် စစ်ဗျူဟာအခြေချစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဧပြီ ၅ ရက်နေ့ မနက် ၈ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နေ့လယ် ၁ နာရီမှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအပြီးမှာ သင်္ကန်းညီနောင် အခြေချစစ်ဗျူဟာစခန်းက အရာရှိအဆင့် ၆၇ ယောက်၊ တခြားအဆင့် အယောက် ၄၁၀၊ စုစုပေါင်း ၄၇၇ ယောက် လက်နက်ချ အညံ့ခံခဲ့သလို တပ်မိသားစု ၁၄၀ လည်း လက်နက်ချခဲ့ပြီး အဲဒီထဲမှာ ရဲမေ ၅၉ ယောက်လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

သင်္ကန်းညီနောင် အခြေချစစ်ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းမီးကျောက် မြောက်မြားစွာကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ ကေအန်ယူက ဓာတ်ပုံမှတ်တမ်းနဲ့ တကွ ထုတ်ပြန်ခဲ့ပါတယ်။

သင်္ကန်းညီနောင် ဗျူဟာစခန်းရှိတာကြောင့် နယ်မြေတွင်းနေထိုင်ကြသူတွေရဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေးတွေကို ထိခိုက်ကျဆင်းစေတဲ့အပြင် ရိုးရာယဉ်ကျေးမှုများလည်း ပျက်စီး ပျောက်ကွယ်စေတာကြောင့် တိုက်ခိုက်သိမ်းပိုက်ရတာဖြစ်တယ်လို့လည်း ကေအန်ယူက ထုတ်ပြန်ပါတယ်။

Photo-KNU

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013