DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တောင်ဘက် ပင်လယ်အတွင်း ငလျင် ၇ ကြိမ်လှုပ်
DVB
·
April 7, 2024
ရန်ကုန်တောင်ဘက် ပင်လယ်အတွင်း ငလျင် ၇ ကြိမ်လှုပ်
Donate to DVB

ရန်ကုန်ရဲ့တောင်ဘက် ပင်လယ်ထဲမှာ အခု ၂ ရက်အတွင်း ငလျင် ၇ ကြိမ်လှုပ်ခဲ့တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

ဧပြီ ၆ ရက် ည ၈ နာရီ ၃ မိနစ်အချိန်က အနက် ၂၁ ကီလိုမီတာမှာ ပြင်းအား ၄ ဒသမ ၈ နှုန်းနဲ့ ငလျင်လှုပ်ပြီး ည ၈ နာရီ ၈ မိနစ်က အနက် ၁၀ ကီလိုမီတာမှာ ပြင်းအား ၃ ဒသမ ၅၊ ည ၉ နာရီ မိနစ် ၃၀ က အနက် ၁၀ ကီလိုမီတာမှာ ပြင်းအား ၃၊ ည ၁၀ နာရီ ၂၁ မိနစ်က အနက် ၁၉ ကီလိုမီတာမှာ ပြင်းအား ၃ ဒသမ ၅ နဲ့ ငလျင် ၄ ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။

ဒီငလျင်တွေဟာ ရေးမြို့ရဲ့ အနောက်ဘက် ၁၇၀ ကီလိုမီတာ၊ ရန်ကုန်ရဲ့ တောင်ဘက် ၁၇၈ ကီလိုမီတာ ပင်လယ်ထဲမှာ လှုပ်ခဲ့တာဖြစ်ပါတယ်။

ရေးမြို့ခံတယောက်က “အခုလို ငလျင်လှုပ်ခတ်သွားတာ ပင်လယ်ဘက်ကနေဆိုတော့ လူတွေလည်း သိပ်သတိမထားလိုက်မိဘူး။ ငါးဖမ်းလှေလည်း လုပ်ငန်းရပ်နားထားရချိန်လည်း ဖြစ်တယ်။ အခုချိန်က သိရသလောက် ထိခိုက်ပျက်စီးမှုတွေတော့ မရှိသေးဘူး”လို့ ပြောပါတယ်။

ဒီနေ့ ဧပြီ ၇ ရက်မှာလည်း မနက်အစောပိုင်း ၂ နာရီ ၅ မိနစ်က အနက် ၂၃ ကီလိုမီတာမှာ ပြင်းအား ၄ ဒသမ ၇ နဲ့ ငလျင်ထပ်လှုပ်လာခဲ့ပြီး မနက်အစောပိုင်း ၂ နာရီ ၄၇ မိနစ်က အနက် ၁၀ ကီလိုမီတာမှာ ပြင်းအား ၂ ဒသမ ၈၊ မနက် ၃ နာရီက အနက် ၁၀ ကီလိုမီတာမှာ ပြင်းအား ၃ နဲ့ လှုပ်ခတ်ခဲ့ပါတယ်။

ငလျင်ပြင်းအား ၆ ရဲ့အောက် ဘေးတိုက်လှုပ်တာမျိုးဆိုရင် ဆူနာမီ မဖြစ်ဘဲ အထက်အောက်လှုပ်ပြီး ပြင်းအား ၆ ထက်များရင်တော့ ဆူနာမီဖြစ်တတ်ပါတယ်လို့လည်း ဦးဝင်းနိုင်က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013