DVB Logo
Home
မြန်မာသတင်း
မင်းကင်းဒေသက ကြားကာလ ဆရာ၊ ဆရာမများအား သင်ကြားရေးသင်တန်းပို့ချ
DVB
·
April 6, 2024
မင်းကင်းဒေသက ကြားကာလ ဆရာ၊ ဆရာမများအား သင်ကြားရေးသင်တန်းပို့ချ
Donate to DVB

ဗကသများအဖွဲ့ချုပ်(ပညာရေးကော်မတီ)နဲ့ ဒေသဆိုင်ရာ ပညာရေးအဖွဲ့အစည်း၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မတ်လကစလို့ မင်းကင်းဒေသ ကြားကာလ ပြည်သူ့ပညာရေးကျောင်းတွေက ကျောင်းဆရာ၊ ဆရာမတွေကို သင်ကြားရေးနည်းလမ်းသင်တန်းတခု ပို့ချခဲ့တယ်လို့ သိရပါတယ်။

‘RWCT Teacher training course’ ဆိုတဲ့ အဲဒီသင်တန်း သင်ကြားပို့ချမှုဟာ ၂ ပတ် ကြာမြင့်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ပညာရေးကော်မတီ) နဲ့ Thinking Classroom Foundation တို့က အဓိက ဦးဆောင်ပြီး မင်းကင်းဒေသထဲမှာ သင်ကြားပေးခဲ့တာပါ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက “တော်လှန်စစ်ကာလထဲ စစ်သုံးစစ် တိုက်ဖျက်ရေးလုပ်ငန်းတွေဖြစ်တဲ့ လူထုသပိတ်တိုက်ပွဲ လှုပ်ရှားမှု ဖော်ဆောင်ရေးတွေ၊ လူထုစည်းရုံးရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာရှိသလို တိုင်းပြည်အနာဂတ်တည်ဆောက်ရေးအတွက်လည်း မျိုးဆက်သစ် သမဂ္ဂဖွဲ့စည်းရေးလုပ်ငန်းတွေနဲ့ အခုလို ပညာရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ ထဲထဲဝင်ဝင် ပါဝင်ကူညီ ဆောင်ရွက်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ ၂ ပတ်တာသင်တန်းအတွင်းမှာ အခုသွားနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပညာရေးနဲ့ကိုက်ညီတဲ့ သင်ကြားရေးနည်းလမ်းတွေနဲ့ ပညာရေးသီအိုရီတွေကို အဓိကထား ပို့ချခဲ့တာဖြစ်ပြီး ဒေသတွင်း ပြည်သူ့အ​​ခြေပြုကျောင်းတွေမှာ သင်ကြားပေးနေတဲ့ ကျောင်းဆရာ ဆရာမပေါင်း ၂၀၀ နီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းဒေသအတွင်းမှာ နောက်ထပ်သင်တန်းတွေ ပို့ချဖို့ရှိနေပေမယ့် ရံပုံငွေ လိုအပ်ချက်တွေရှိနေလို့ ခေတ္တရပ်ဆိုင်းထားရတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013