DVB Logo
Home
မြန်မာသတင်း
မိုးဗြဲတွင် တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်များ ပိတ်ဆို့ထား
DVB
·
April 6, 2024
မိုးဗြဲတွင် တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်များ ပိတ်ဆို့ထား
Donate to DVB

ရှမ်း-ကယား(ကရင်နီ)နယ်စပ် မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်ရင်းကို ဧပြီ ၃ ရက်ကစတင်ပြီး တော်လှန်ရေးတပ်တွေက စတင်တိုက်ခိုက်ခဲ့ကာ ၃ ရက်အကြာ ဒီကနေ့ ဧပြီ ၆ ရက်အထိ တိုက်ပွဲတွေဖြစ်ပွားနေပြီ တော်လှန်ရေးတပ်တွေက မြို့ရဲ့ တပ်ရင်းနေရာကလွဲရင် အားလုံးကို ပိတ်ဆို့စိုးမိုးထားပါတယ်။

စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားတဲ့ ရက်ကတည်းကစတင်ပြီး လေကြောင်းက ဗုံးသီးကြဲချတိုက်ခိုက်တာတွေ၊ လွိုင်ကော်မြို့ကနေ ဟောင်၀ှစ်ဇာတွေနဲ့ ပစ်ခတ်တာတွေလည်း ပြုလုပ်နေတာပါ။

​ရှေ့တန်းသတင်းရင်းမြစ်တဦးက “တမြို့လုံးနီးပါးကို စိုးမိုးထားနိုင်ပါပြီ ၄၂၂ (ခမရ ၄၂၂) နေရာပဲကျန်ပါတယ်။ လေယာဥ်နေ့တိုင်း လာကြဲနေတယ်၊ စဖြစ်ကတည်းက တိုက်ပွဲရက်တွေ ဆိုရင် တရက်တည်းကို ၁၀ ကြိမ်ကျော်၊ တခါတလေ အကြိမ် ၂၀ ကျော်တယ်။ ဒီနေ့တော့ ၃ ကြိမ်ရှိပြီ၊ လက်နက်ကြီးကတော့ လွိုင်ကော်ကနေ Howitzer (ဟောင်၀ှစ်ဇာ) တွေနဲ့ ဆက်တိုက်ထုနေတာပဲ၊ လောလောဆယ်တော့ တိုက်ပွဲခဏငြိမ်နေတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းတကျောင်းအပါအ၀င် နေအိမ် ၆ လုံးခန့် လုံး၀ပြိုကျပျက်စီးခဲ့ပြီး တိုက်ပွဲအခြေအနေကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်း အတိအကျမကောက်ယူနိုင်သေးဘူးလို့ ကယ်ဆယ်ရေးအဖွဲ့တခုက ပြောပါတယ်။

လတ်တလောမှာ မိုးဗြဲမြို့မှာရှိတဲ့ အ​ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ရဲ့ လက်အောက်ခံ အမှတ် ခြေမြန်တပ်ရင်း ၄၂၂ ကို ဒေသတွင်းက တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက အပြီးသိမ်းပိုက်နိုင်ဖို့ ကြိုးစားနေကြပြီး တိုက်ပွဲအခြေအနေကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုတွေကို DVB အနေနဲ့ စာရင်းရယူနိုင်တာမျိုး မရှိသေးသလို တော်လှန်ရေးတပ်တွေကလည်း သတင်းတရား၀င်ထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013