DVB Logo
Home
မြန်မာသတင်း
ဗန်းမော်တွင် အမျိုးသား ၁၀ ဦးကျော်နှင့် ကျိုက်လတ်တွင် လူငယ် ၅ ဦးကို စစ်တပ်ဖမ်းဆီး
DVB
·
April 6, 2024
ဗန်းမော်တွင် အမျိုးသား ၁၀ ဦးကျော်နှင့် ကျိုက်လတ်တွင် လူငယ် ၅ ဦးကို စစ်တပ်ဖမ်းဆီး
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ဘော်ဒါဆောင်တခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်စီးပြီး အမျိုးသား ၁၀ ယောက်ကျော်နဲ့ အမျိုးသမီး ၁ ယောက်ကို ဖမ်းဆီးခဲ့သလို ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာလည်း ဗုံးတွေ့တာနဲ့ ပတ်သက်လို့ လူငယ် ၅ ယောက်ကို စစ်ကောင်စီက စွပ်စွဲဖမ်းဆီးသွားပါတယ်။

ဗန်းမော်မြို့၊ ဓာတ်မီးကုန်းရပ်မှာရှိတဲ့ အမျိုးသားဘော်ဒါဆောင်တခုကို ဧပြီ ၄ ရက်နေ့ည ၁၀ နာရီကျော်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းပြီး ဘော်ဒါဆောင်နေ လူငယ် အမျိုးသား ၁၀ ယောက်ကျော်နဲ့ ပိုင်ရှင်အမျိုးသမီးကိုလည်း ဖမ်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ရပ်ကွက်ထဲကိုရောက်လာတာညကြီး။ စစ်သားတွေ ရဲတွေလည်းပါတယ်။ ၄၀ ကျော်လောက်ရှိမယ်။ ရပ်ကွက်အထွက်လမ်းတွေကိုလည်း ဟိုဘက်ဒီဘက်ပိတ်ပြီးဝင်စီးတာ။ သေနတ်တွေလည်းပစ်ဖောက်တယ်။ ဘော်ဒါဆောင်က မြန်မာ့စီးပွားရေးဘဏ် အနောက်ဘက်မှာ ရှိတာ။ ဌာနဆိုင်ရာဝန်ထမ်း၊ NGO ဝန်ထမ်းတွေလည်း ငှားနေကြတာ။ အဲအဆောင်က အမျိုးသားသီးသန့်ဘော်ဒါဆောင်ပါ။ (ပိုင်ရှင်)ဆရာမ သီသီအောင်ကိုလည်း ဖမ်းသွားတယ်” လို့ ပြောပါတယ်။

ဖမ်းခံလိုက်ရသူတွေထဲက ဆရာမ မသီသီအောင်ကို ရဲစခန်းမှာဖမ်းဆီးထားပြီး လူငယ်တွေကိုတော့ စကခ ၂၁ တပ်ထဲမှာ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲဒီ အမျိုးသားဘော်ဒါဆောင်ကို စစ်တပ်အာဏာသိမ်းစ ဆန္ဒပြပွဲတွေမှာပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဝင်စီးခဲ့ဖူးပြီး လွန်ခဲ့တဲ့နှစ်ကလည်း CDM ဆရာမတယောက်ကို ရှာဖွေရင်း ဝင်စီးခဲ့ပါသေးတယ်။

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့မှာတော့ ပြီးခဲ့တဲ့ မတ် ၃၀ ရက်က ဗိုလ်ချုပ်လမ်းပန်းခြံမှာ တွေ့ရှိခဲ့တဲ့ဗုံးဟာ တော်လှန်ရေးတပ် PDF တွေနဲ့ဒေသခံတွေ ပေါင်းထောင်ထားတာလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်နဲ့ ရဲအင်အား အယောက် ၂၀ လောက်က ဧပြီ ၂ ရက် မှာ လာရောက် စစ်ဆေးပြီးနောက် ဒေသခံ လူငယ် ၅ ယောက်ကို ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

အမှတ် ၄ ရပ်ကွက် ဒေသခံတယောက်က “စွပ်စွဲပြီး အဖမ်းခံရတာ။ အားလုံး ၅ ယောက်။ အုပ်ချုပ်ရေးမှူးက သတင်းပေးတာ။ သတင်းပေးလို့ ဒေသခံတွေ အဖမ်းခံရတာ။ အခု အဖမ်းခံရတဲ့ ကလေးတွေက ရပ်ကွက်ထဲမှာ အေးအေး ဆေးဆေးနေတဲ့ကလေးတွေပါ” လို့ ပြောပါတယ်။

အဲ့ဒီ အဖမ်းခံရတဲ့ လူငယ် ၅ ယောက်ဟာ အသက် ၁၉ နှစ်အရွယ် ၂ ယောက်နဲ့ အသက် ၂၀ ကျော်အရွယ် ၃ ယောက် ဖြစ်ပြီး လက်ရှိ ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “အဖမ်းခံရတဲ့ ကလေးတွေအကုန် ရဲစခန်းမှာထားတယ်လို့ပဲ သိရတာ။ ကလေးတွေက ဗုံးမထောင်ပါဘူး။ စစ်ကောင်စီကအမျိုးမျိုး ထောင်ချောက်ဆင်ပြီး လူငယ်တွေကိုဖိနှိပ် ဖမ်းနေတာ။ ပန်းခြံနားမှာနေတဲ့ ဒေသခံတွေကတော့ ဗုံးက စစ်တပ် ယူနီဖောင်းဝတ်ထားတဲ့ ပျူစောထီးတွေက ထောင်တာတွေ့တယ်တဲ့ ။ ဒါကေတာ့  ပြောစကားပေါ့။ ကိုယ်မြင်တာ မဟုတ်ဘူး” လို့ ပြောပါတယ်။

ဗိုလ်ချုပ်လမ်းပန်းခြံမှာ ဗုံးတွေ့ရှိတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်က ညဘက် ဧည့်စာရင်းစစ်ဆေးတာ၊ လမ်းဆုံ လမ်းခွတွေမှာ ကားတွေနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးတာတွေ ဆက်တိုက်လုပ်လာတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013