DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်က ခမရ ၅၆၁ တပ်ရင်း ဒရုန်းဖြင့် ဗုံးကြဲခံရ
DVB
·
April 5, 2024
တနင်္သာရီမြို့နယ်က ခမရ ၅၆၁ တပ်ရင်း ဒရုန်းဖြင့် ဗုံးကြဲခံရ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီအခြေစိုက် ခမရ ၅၆၁ တပ်ရင်းကို ဧပြီ ၄ ရက်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးစစ်ကြောင်းက ပြောပါတယ်။

ဧပြီ ၄ ရက် ညနေ ၅ နာရီလောက်ကနေ ည ၁၂ နာရီကြားမှာ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး စစ်ကြောင်း ၁ က ခမရ ၅၆၁ တပ်ရင်းထဲကို ဒရုန်းနဲ့ ဗုံးသီးငါးလုံး ကြဲချခဲ့တယ်လို့ စစ်ကြောင်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“တပ်ရင်းထဲကျတာပါ၊ တလုံးက ဗုံးခိုကျင်းထဲကျပြီး သေတယ်။ သူတို့ဘက်က ထိတဲ့သူတွေကို သယ်ထုတ်နေတာတွေနဲ့ အလုပ်ရှုပ်နေကြတယ်။”

ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ရင်းက တပ်သားလေးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးစစ်ကြောင်းက ပြောပေမဲ့ DVB က သီးခြား အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၂ ရက်ကလည်း ခမရ ၅၆၁ တပ်ရင်းကို ပထမအကြိမ် ဒရုန်းနဲ့ တိုက်ခိုက်စဉ်ကလည်း တပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ကို မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁)၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့၊ မြိတ်မြို့နယ်(ပကဖ)၊ ဒရုန်းတပ်ဖွဲ့တို့နဲ့ ပူးပေါင်းဖွဲ့စည်းထားပါတယ်။

စစ်ကောင်စီတပ်ရင်းတွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံနေရပြီး တနင်္သာရီမြို့နယ်မှာ စစ်ကြောင်းထိုး တိုက်ခိုက်တာတွေ လုပ်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေ အသွားအလာ သတိပြုကြဖို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တချို့က အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013