DVB Logo
Home
မြန်မာသတင်း
ရွှေဈေးကွက် ပိုပြီးခြောက်ကပ်လာ၊ အခေါက်ရွှေအရောင်းအဝယ် ရပ်နားထားရ
DVB
·
April 5, 2024
ရွှေဈေးကွက် ပိုပြီးခြောက်ကပ်လာ၊ အခေါက်ရွှေအရောင်းအဝယ် ရပ်နားထားရ
Donate to DVB

ရွှေဆိုင်ကြီးတွေအပါအဝင် တရားမဝင်ရွှေဆိုင်တွေကို ပိတ်သိမ်းအရေးယူထားပေမဲ့ ရွှေဈေးကွက်က ပိုပြီး ခြောက်ကပ်လာသလို အခေါက်ရွှေအရောင်းအဝယ်တွေလည်း ရပ်နားထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၂ ရက်က ရန်ကုန်မြို့က မောင်ကိန်းအပါအဝင် နယူးတိုင်စင်၊ ခရမ်းသုံးခွ ရွှေဆိုင်တွေကို ရွှေနဲ့ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီက ပိတ်သိမ်းအရေးယူထားပေမဲ့ ပြီးခဲ့တဲ့တပတ်ကထက် ၁၅ ပဲရည်ရွှေဈေးက ကျပ်တသိန်းနီးပါး မြင့်တက်လာသလို အခေါက်ရွှေ အရောင်းအဝယ်ကိုလည်း ရပ်နားထားကြပါတယ်။

ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းဝယ်ပါက အရေးယူမခံရတာကြောင့် ရွှေအသင်းက ထုတ်ပြန်ထားတဲ့ ဈေးအတိုင်း ၁၅ ပဲရည် ရွှေတကျပ်သားရောင်းဈေးကို ကျပ် ၃၉ သိန်းလို့ ဧပြီ ၄ ရက်မှာ ရွှေဆိုင်အများစုက ပြောဆိုကြပါတယ်။

ဒါပေမဲ့ လက်တွေ့အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းသတ်မှတ်တဲ့အခြေနေနဲ့ လက်ရှိ‌ဈေးကွက်အခြေအနေက ကွာခြားနေတယ်လို့ လသာမြို့နယ်က ရွှေဆိုင်တာဝန်ခံတဦးက ပြောပါတယ်။

“အခေါက်ကတော့ ဈေးကွက်မှာ လေးဆယ်ကျော်တယ်။ ဒါပေမဲ့ ဝယ်ရောင်း မလုပ်ကြဘူး။ ကျနော်တို့က အလျော့တွက် နည်းနည်းပိုပြီးတော့ ပေါင်းရောင်းတာပေါ့။ တမတ်သားကို နှစ်ရွေးလောက်ပေါင်းတယ်။ အရင်တပတ်ကဈေးဆိုရင် အလျော့ တွက်က ခြောက်ရွေးလောက်ဖြစ်သွားတယ်။ ဈေးကို သူကသတ်မှတ်ထားတာဆိုတော့ ဈေးကိုတင်ရောင်းလို့မရဘူး။ မရတော့ အလျော့တွက်နဲ့ နည်းနည်းပေါင်းပြီးရောင်းရတယ်။”

ရန်ကုန်ရွှေဈေးကွက်မှာ ပြီးခဲ့တဲ့ တပတ်အတွင်း ရွှေဈေးတွေက နေ့တိုင်းဈေးမြင့်ခဲ့သလို အခေါက်ရွှေ တကျပ်သားကို ကျပ် ၄၅ သိန်းအထိ စံချိန်တင်ဈေးရောက်ခဲ့ပါတယ်။

အဲ့ဒီအချိန်က ပတ်ကား၊ နဂါးကိုးကောင် စတဲ့ရွှေဆိုင်ကြီးအချို့မှာ ရွှေအရောင်းအဝယ် ရပ်နားထားသလို ရွှေနန်းတော်ရွှေဆိုင်တွေမှာလည်း ရွှေအထည်နည်းပါးပြီး စိန်ထည်အများစုကိုပဲ ရောင်းချကြတာကို တွေ့ရပါတယ်။

မတ် ၄ ရက်က ရန်ကုန်ရွှေဈေးကွက်မှာ ရွှေဆိုင်ကြီးတွေမှာ ရွှေလာဝယ်သူနည်းပါးလာသလို ရွှေဆိုင်အငယ်လေးတွေမှာလည်း ဈေးဦးမပေါက်တဲ့ အခြေနေမျိုးမှာရှိနေတယ်လို့ ရွှေဆိုင်လုပ်ငန်းရှင်တချို့က ပြောပါတယ်။

ပန်းဘဲတန်းမြို့နယ်က ရွှေလုပ်ငန်းနဲ့ ဆက်စပ်လုပ်ကိုင်သူတဦးက “အရောင်းအဝယ်တွေက ပါးတယ်လေ။ ဒီမှာလူတောင်မရှိဘူး။ ဇွဲထက်မှာ အရင်ဆို မည်းခဲနေတာ လူတွေ။ ရွှေဈေးကစားလို့ပါ၊ မတည်ငြိမ်လို့ပေါ့၊ အတက်အကျကြမ်းတဲ့သဘောပေါ့။  ဝုန်းကနဲတက်တော့ ဝယ်တဲ့သူကလည်းမဝယ်ရဲ၊ ရောင်းတဲ့သူကလည်း ထပ်တက်မလားဆိုပြီးတော့ စောင့်နေတာ။ ရွှေဈေးကြောင့်ပါ” လို့ ပြောပါတယ်။

ဗဟိုဘဏ်ဦးဆောင်တဲ့ ရွှေနဲ့ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီကတော့ တရားမဝင်ရွှေရောင်းဝယ်မှုတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဧပြီ ၂ ရက်နေ့ ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် ရွှေဈေး ကစားတဲ့သူ၊ လူမှုကွန်ရက်ကတဆင့် လေပတ်ကား ရွှေဈေး ဖြန့်တဲ့သူတွေကိုလည်း အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

ဒီလိုပြောဆိုထားပြီး ရွှေရောင်းနိုင်တဲ့ ရည်ညွှန်းဈေးကို ထုတ်ပြန်ထားပေမဲ့ ၁၅ ပဲရည် ရွှေဈေးက ပြီးခဲ့တဲ့တတတ်က ကျပ် ၄,၁၃၀,၀၀၀ ကျော်ကနေ အခုတပတ်မှာတော့ ကျပ် ၄,၂၂၀,၀၀၀ နီးပါးနဲ့ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းဝယ်နေကြပါတယ်။ 

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013