DVB Logo
Home
မြန်မာသတင်း
မြောင်းမြတွင် ၁ လအတွင်း PDF နှင့် ပတ်သက်သည်ဆိုပြီး ဒေသခံ ၁၉ ဦး ဖမ်းဆီးခံရ
DVB
·
April 5, 2024
မြောင်းမြတွင် ၁ လအတွင်း PDF နှင့် ပတ်သက်သည်ဆိုပြီး ဒေသခံ ၁၉ ဦး ဖမ်းဆီးခံရ
Donate to DVB

စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ မြောင်းမြ မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လအတွင်း NUG - PDF  စတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်နေတယ်လို့စွပ်စွဲပြီး ဒေသခံ အရပ်သား ၁၉ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ 

စစ်ကောင်စီတပ်က မြောင်းမြမြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၁ ရက်မှ ၃၁ ရက်အထိ ၁ လအတွင်း ဒေသခံ အရပ်သား အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁၆ ယောက် အားလုံး ၁၉ ယောက်ကို တော်လှန်ရေးအဖွဲ့အစည်း တွေဖြစ်တဲ့  NUG နဲ့ PDF  စတဲ့အဖွဲ့အစည်းတွေနဲ့ ပတ်သက် နေတယ်လို့ စွပ်စွဲပြီး နေအိမ်တွေမှာ သွားရောက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

“ဥပဒေနဲ့အညီ စစ်ဆေးဖို့ရှိလို့ ဖမ်းတာလို့ပြောတာပဲ။ စစ်ကောင်စီတပ်ကဖမ်းတာပါ။ အဖမ်း ခံရသူတွေအများစုက လူငယ်အမျိုးသားတွေများတယ်”' လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ 

စစ်တပ်က ဖမ်းဆီးခဲ့တဲ့ အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဟာ လယ်ယာလုပ်ငန်း၊ ဆိုင်ကယ် ကယ်ရီဆွဲတဲ့ လုပ်ငန်း၊ ဈေးရောင်းတဲ့ လုပ်ငန်း၊အွန်လိုင်းရှော့ပင် ရောင်းတဲ့ စတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေဖြစ်တယ်လို့ သိရပါတယ်။ 

“အခုအဖမ်းခံရတဲ့ အထဲမှာပါတဲ့ ကျမမောင်လေးက မိသားစုကို ရေခဲချောင်းလိုက်ရောင်းတဲ့ လုပ်ငန်းနဲ့ လုပ်ကျွေးနေတာ။ အဲ့ဒါကို PDF တွေနဲ့ ပတ်သက်နေတာလို့ စွပ်စွဲပြီးဖမ်းသွားတာ။ အခု ၂၂ ရက်နေ့က ဖမ်းတာ ဘယ်လိုလုပ်ရမှန်းမသိဘူး။ စစ်သားတွေက လာဖမ်းတာ အနုကြမ်းစီးတဲ့ အတိုင်းပဲ။ ပြန်လွှတ်ပေးဖို့ပဲ ဆုတောင်းပါတယ်” လို့ မြောင်းမြဒေသခံတယောက်က ပြောပါတယ်။ 

အဖမ်းခံရသူ ဒေသခံ အရပ်သား ၁၉ ယောက်မှာ အသက် ၁၉ နှစ်ကျော်ကျော် လူငယ်ခြောက်ယောက်၊ အသက် ၂၀ ကျော်အရွယ် လူငယ်ရှစ်ယောက်၊ အသက် ၂၈ ဝန်းကျင် ငါး ယောက်ဖြစ်ပြီး သူတို့ကို စစ်ကောင်စီတပ်က စစ်ကြောရေးနဲ့ ရဲစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် လူငယ်တွေကို ဖမ်းဆီးခံရအောင် စစ်ကောင်စီတပ်ကို သတင်းအမှားပေး ဖမ်းခိုင်းတာဟာ စစ်ကောင်စီကခန့်ထားတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အဓိက ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

Photo - CJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013