DVB Logo
Home
မြန်မာသတင်း
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ဒုတိယအကြိမ် ပြည်သူ့ညီလာခံ ကျင်းပ
DVB
·
April 4, 2024
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ဒုတိယအကြိမ် ပြည်သူ့ညီလာခံ ကျင်းပ
Donate to DVB

နွေဦးတော်လှန်ရေးကာလ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဖက်ဒရယ်ဒီမိုကရေစီပါပြဋ္ဌာန်း ချက်တွေနဲ့အညီ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ဦးဆောင်ပြီး ဧပြီ ၄ ရက် ဒီနေ့မနက် စတင်ကျင်းပနေပါတယ်။ 

ဧပြီ ၄ ရက်မှ ၆ ရက်ထိ သုံးရက်ကြာ ကျင်းပသွားမယ့်  ညီလာခံကို နွေဦးတော်လှန်ရေးအတွင်း တိုက်ပွဲဝင်နေကြတဲ့ အင်အားစုတွေထဲက ရွေးကောက်ခံကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ နွေဦးတော်လှန်ရေး အင်အားစုများမှ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ၊ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် ကောင်စီတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း ညီလာခံ ကိုယ်စားလှယ် ၂၄၈ ဦးအပြင် အထူးဖိတ်ကြားထားသူတွေနဲ့  လေ့လာသူတွေ ပါဝင်တက်ရောက်နေကြတာပါ။

ဒီနေ့မနက် ညီလာခံဖွင့်ပွဲ အခမ်းအနားကို အွန်လိုင်းကနေကျင်းပခဲ့ရာမှာ  အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ  (CRPH)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ ကျောင်းသား၊ အလုပ်သမား၊ အမျိုသမီးအဖွဲ့တွေအပါအဝင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အင်အားစုတွေရဲ့ ကိုယ်စားလှယ် အသီးသီး က အဖွင့်အမှာစကားတွေ ပြောကြားခဲ့ပါတယ်။ 

CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က "လက်ရှိနိုင်ငံရေးပြဿနာတွေကို တချိန်တည်းမှာ အားလုံးစုပြီး ဖြေရှင်းနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူးဆိုတာ ခေါင်းဆောင်အသီးသီး၊ အင်အားစုအသီးသီး သိရှိပြီးသား ဖြစ်ပါတယ်။ လွယ်ကူတဲ့ ကိစ္စရပ်မဟုတ်ဘူးဆိုပေမဲ့ အဖြေရှာမရတဲ့ ပုစ္ဆာလည်း မဟုတ်ပါဘူး။ ဒီပုစ္ဆာတွေဟာ ကျနော်တို့ မဖြစ်မနေ ဖြေရှင်းသွားရမယ့် ပုစ္ဆာတွေပဲ ဖြစ်ပါတယ်။ လူထုရဲ့ ဆန္ဒနဲ့အညီ အစုအဖွဲ့အသီးသီးရဲ့ မလျော့တဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် လက်ရှိအခြေအနေတွေကို ဖြတ်ကျော်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်”လို့ ပြောပါတယ်။

အာဆီယံနဲ့ အိမ်နီးချင်းမိတ်ဆွေနိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း မိမိတို့ အင်အားစုတွေအကြား ညီညွတ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဦးတည်တဲ့ ဆွေးနွေးအဖြေရှာမှုကို ပံ့ပိုးကူညီပေးကြဖို့လည်း ဦးအောင်ကြည်ညွန့်က တိုက်တွန်းသွား ပါတယ်။

မြန်မာအရေးအတိုင်ပင်ခံကောင်စီအဖွဲ့ဝင်တဦးဖြစ်သူ မစ္စယန်ဟီးလီကတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပယ်ဖျက်ရေးနဲ့ ပတ်သက်လို့ ပြောကြားသွားပါတယ်။ 

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဗဟိုစည်းရုံးရေးကော်မတီဝင် တဦးကတော့  စစ်ကောင်စီလုပ်ဆောင်နေတဲ့ စစ်မှုထမ်းဥပဒေကို အားလုံးဝိုင်းဝန်း ဆန့်ကျင်သွားကြဖို့ တိုက်တွန်းပြောသွားပါတယ်။

“စစ်ကောင်စီဟာ မတရားစစ်မှုထမ်းဥပဒေနဲ့ လူတိုင်းရဲ့ အိမ်တံခါးကို လာခေါက်နေပြီး မိဘပြည်သူတွေ ရင်နဲ့လွယ်ပြီး တယုတယမွေးမြူထားခဲ့ရတဲ့ သားသမီးတွေကို အကြမ်းဖက်စစ်တပ်က စစ်ကျွန်ခံခိုင်းကာ သူတို့ကို အလုပ်အကျွေးပြုခိုင်းပါတော့မယ်။  ပြည်သူလူထုကြီးတရပ်လုံးကတော့ သူတို့ တတ်နိုင်တဲ့ ပုံသဏ္ဍာန်တွေနဲ့ စစ်မှုထမ်းဥပဒေကို အစွမ်းကုန်ဆန့်ကျင်နေကြပါပြီ။ ဒီလိုတဦးချင်းဆန့်ကျင်မှုတွေကို နိုင်ငံရေးတိုက်ပွဲ အဆင့်ရောက်လာအောင် ကြိုးပမ်းကြရမှာက ကျနော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ တာဝန်ဖြစ်ပါတယ်။  ထိရောက်တဲ့ နိုင်ငံရေးတိုက်ပွဲတွေ၊ လူထုလှုပ်ရှားမှုတွေနဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဖို့ ကျနော်တို့ ကြိုးစားကြရပါမယ်။ ဒီလောက်လူထုကို ဒုက္ခပေးနေတဲ့ မတရားစစ်မှုထမ်းဥပဒေကို ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ထိထိရောက်ရောက်တုံ့ပြန်ဖို့ အရေးပေါ်လိုအပ်နေပါပြီ။”

၃ ရက်ကြာ ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနဲ့ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီတွေရဲ့ အစီရင်ခံစာတွေ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးဌာနတွေရဲ့ အစီရင်ခံစာတွေကို ညီလာခံသို့ တင်သွင်းပြီး ဆွေးနွေးအတည်ပြုတာတွေ လုပ်ဆောင်ဖို့ရှိနေပါတယ်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)ရဲ့ ပထမအကြိမ် ပြည်သူ့ ညီလာခံကြီးကိုတော့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ၃ ရက်ကြာ ကျင်းပခဲ့ ပါတယ်။

အဲဒီပထမအကြိမ် ညီလာခံကြီးကနေ NUCC ကို အစုအဖွဲ့ ၅ ဖွဲ့ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းပေါင်း ၃၃ ဖွဲ့နဲ့ တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) နဲ့ အစိတ်အပိုင်း (၂)၊ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံကို အတည်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013