DVB Logo
Home
မြန်မာသတင်း
ဖာပွန် စစ်ရှောင်အိမ်ထောင်စု ၂၅၀ အတွက် စားနပ်ရိက္ခာများ ထောက်ပံ့
DVB
·
April 4, 2024
ဖာပွန် စစ်ရှောင်အိမ်ထောင်စု ၂၅၀ အတွက် စားနပ်ရိက္ခာများ ထောက်ပံ့
1 / 10
Donate to DVB

ကရင်ပြည်နယ်၊ ကမမောင်းမြို့၊ အမှတ် ၂ ရပ်ကွက်၊ အုန်းတောဘုန်းကြီးကျောင်းကို ဖာပွန်မြို့နယ် အနီးတဝိုက်ရှိ ကျေးရွာတွေကနေ စစ်ဘေးရှောင်လာတဲ့ အိမ်ထောင်စု ၂၅၀ အတွက် စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေကို ဧပြီ ၂ ရက်က ကူညီထောက်ပံ့ခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး ကရင်ပြည်နယ်အဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး ကရင်ပြည်နယ် အဖွဲ့ဝင်တဦးက “ဖာပွန်မြို့နယ် အနီးအနားက ရွာတွေကနေ စစ်ဘေးရှောင်လာကြသူတွေပါ။ အဖွဲ့ကတော့ ကမမောင်းကို လက်ရှိကူနေတာပါ။ အိမ်ထောင်စု ၂၅၀၊ လူဦးရေဆို ၇၀၀ လောက်ရှိတယ်။ သာမညဝန်းကျင်မှာဆို စစ်ရှောင်နေရာ လေးနေရာလောက် ရှိပါသေးတယ်။ ကမမောင်းမှာ ဖြစ်တဲ့ပုံစံမျိုးဆို သူတို့က အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာရတာ။ ဘာမှမပါဘူး။ ဒီတော့ အစားအစာ အခြောက်အခြမ်းတွေအပြင် အဝတ်အစားပါ လှူရပါတယ်။ ချက်ပြုတ်ဖို့ အိုးခွက်တွေပါ လိုနေပါတယ်။ လက်ရှိ နေနေကြတာက မြိုင်ကြီးငူတဖက်ကမ်းက အုန်းတောဘုန်းကြီးကျောင်းမှာ စုနေကြသလို ရွာထဲမှာလည်း နေနေကြပါတယ်” လို့ ပြောပါတယ်။

စစ်ရှောင်မိသားစုတွေ လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ အဝတ်အထည်၊ အသုံးအဆောင်တွေ ရရှိရေးအတွက် တဦးချင်းအလှူရှင်တွေ၊ အဖွဲ့လိုက်ပေါင်းလှူတာတွေနဲ့ ဘုန်းတော်ကြီးတွေ လှူတဲ့ ရန်ပုံငွေတွေကို မြေပြင်က စစ်ရှောင်တွေ အဓိကလိုအပ်မယ့်ပစ္စည်းတွေ ဝယ်ခြမ်းပြီး ကယ်ဆယ်ရေးအဖွဲ့က ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ကော့ဘိန်းဘက်ကို တရက်တည်းမှာ စစ်ဘေးရှောင်လာသူဦးရေ ၈၀၀ ကျော်အထိ ရှိခဲ့တာကြောင့် ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး လက်ရှိမှာ ကမမောင်းကို ရှောင်လာတဲ့ စစ်ရှောင်အရေအတွက်က ထပ်တိုးလာနေတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အသုံးအဆောင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ ကရင်ပြည်နယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013