DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် ညဘက်အကူအညီပေးရေးလုပ်ငန်းများ ဆိုင်းငံ့
DVB
·
April 4, 2024
ဂါဇာတွင် ညဘက်အကူအညီပေးရေးလုပ်ငန်းများ ဆိုင်းငံ့
Donate to DVB

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် WCK ဝန်ထမ်းတွေ သေဆုံးခဲ့ရပြီးနောက် ဂါဇာမှာ ညဘက်အကူအညီပေးရေး သွားလာလှုပ်ရှားမှုတွေကို အနည်းဆုံး ၄၈ နာရီ ဆိုင်းငံ့ထားကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတက်ဖ်နီ ဒူဂျာရစ်က ဧပြီ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က အစားအစာအကူအညီပေးရေးအဖွဲ့ WCK ဝန်ထမ်းတွေ သေဆုံးခဲ့ပြီးနောက် ၄၈ နာရီကြာ ရပ်ဆိုင်းမှုကို ဧပြီ ၂ ရက်မှာ စတင်ခဲ့တာလို့ သူကပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ဟာ နေ့ကာလအတွင်းမှာ အငတ်ဘေး နီးကပ်လာတဲ့ ဂါဇာမြောက်ပိုင်းကို အကူအညီပေးရေး ယာဉ်တန်းတွေ စေလွှတ်ဖို့ နေ့စဉ်အားထုတ်မှုတွေ အပါအဝင် အကူအညီပေးရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဒူဂျာရစ်က ပြောပါတယ်။

“အစာငတ်မွတ်မှု နီးကပ်လာတာနဲ့အမျှ ဂါဇာကမ်း‌မြောင်ကို လွတ်လွတ်လပ်လပ်နဲ့ ဘေးကင်းစွာ သွားလာနိုင်ဖို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ လိုအပ်နေပါတယ်” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

အစ္စရေးဟာ ဧပြီ ၁ ရက်က ဂါဇာကမ်းမြောင်မှာ လေကြောင်းတိုက်ခိုက်မှုအတွင်း WCK မှ ကယ်ဆယ်ရေးလုပ်သား ခုနှစ်ဦး မှားယွင်းသေဆုံးသွားရတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စုနဲ့ တခြား မဟာမိတ်နိုင်ငံတွေဆီက ပြစ်တင်ရှုတ်ချမှုတွေနဲ့ ဒီဖြစ်ရပ်အပေါ် ရှင်းလင်းချက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ဆိုက်ပရပ်စ်ကနေ ဂါဇာကမ်းမြောင်ဆီကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ သယ်ဆောင်လာတဲ့ သင်္ဘောတစင်းဟာ ကုန်ပစ္စည်းတွေကို ကုန်တင်ကုန်ချ မပြုလုပ်ဘဲ ဆိုက်ပရပ်စ်ကို ဧပြီ ၃ ရက်မှာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

WCK လုပ်သားခုနှစ်ဦး သေဆုံးပြီးနောက်မှာ အကူအညီပေးပို့ရေးကို သက်ဆိုင်ရာ အဖွဲ့အစည်းက ရပ်ဆိုင်းလိုက်ကြောင်း ဆိုက်ပရပ်စ်ဘက်က ပြောကြားခဲ့ပါတယ်။

အရင်က ဂါဇာကမ်းမြောင်ကို အကူအညီတွေသယ်ဆောင်ပြီး ထွက်ခွာခဲ့ဖူးတဲ့ သင်္ဘောတွေကို ပြန်ထွက်ခွာဖို့ စီစဉ်ထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013