DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ် ရဲစခန်း ၂ ခုတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
DVB
·
April 4, 2024
သံဖြူဇရပ် ရဲစခန်း ၂ ခုတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ နယ်မှာရှိတဲ့ ထင်းရှုးရဲစခန်းနဲ့ အနင်းရဲစခန်းတို့ကို ဧပြီ ၂ ရက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ပြောပါတယ်။

သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာရဲစခန်းနဲ့ ထင်းရှုးကျေးရွာရဲစခန်းတို့ကို ဧပြီ ၂ ရက်နေ့ မွန့်တည့် ၁၂ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် အနင်းကျေးရွာရဲစခန်းမှ စစ်သား တဦးသေဆုံးပြီး ရဲ နှစ်ဦးဒဏ်ရာရရှိခဲ့ပေမဲ့ ထင်းရှုးကျေးရွာရဲစခန်းမှ ထိခိုက်ကျဆုံးမှုကိုတော့ အတိအကျမသိရသေးဘူးလို့ တောင်ညိုစစ်ကြောင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

"အနင်း နဲ့ ထင်းရူးက ရဲစခန်းဆိုပေမဲ့ စစ်သားတဝက်ရဲတဝက်ရှိတာ။ ရဲစခန်းနှစ်ခုလုံးက ရှေ့တန်းစခန်းပုံစံမျိုးဆိုတော့ အင်အားအတိအကျ သိဖို့ခက်တယ်။ ထိခိုက်မှုကတော့ အနင်းရဲစခန်းမှာတော့ စစ်သား တဦးသေပြီး ရဲ နှစ်ယောက်ဒဏ်ရာရတယ်။ ထင်းရှုးစခန်းက ရွာပြင်မှာရှိတော့ အထောက်တွေလွတ်ဖို့ အဆင်မပြေတဲ့အခြေအနေဖြစ်တော့ ထိခိုက်ကျဆုံးမှုကို မသိရသေးပါဘူး။" 

တိုက်ခိုက်ခံရပြီးနောက် ဧပြီ ၃ ရက်နေ့မှာ အနန်းရဲစခန်းကို စစ်ကောင်စီအင်အား ၃၀ ကျော်၊ ထင်းရှုးရဲစခန်းကို စစ်ကောင်စီအင်အား ၂၀ ကျော် ကျိုက်မရောကနေ အင်အားဖြည့်တင်းခဲ့တယ်လို့ ဆိုပါတယ်။

အနင်းကျေးရွာရဲစခန်းနဲ့ ထင်းရှုးကျေးရွာရဲစခန်းတို့ကို တောင်ညို‌စစ်ကြောင်းနဲ့အတူ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တရက်ကလည်း အနန်းရဲစခန်းနဲ့ထင်းရှုးရဲစခန်းကို တော်‌လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013