DVB Logo
Home
မြန်မာသတင်း
ရခိုင်ဘက်မှ ထွက်ပြေးလာသည့် စစ်သား ၆ ဦးကို  PDF ဖမ်းမိ
DVB
·
April 4, 2024
ရခိုင်ဘက်မှ ထွက်ပြေးလာသည့် စစ်သား ၆ ဦးကို  PDF ဖမ်းမိ
Donate to DVB

ရခိုင်ဘက်ကနေ စစ်ရှုံးပြီး​နောက်  မကွေးတိုင်းထဲထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ခြောက်ဦးကို PDF က ဖမ်းဆီးရမိထားပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားကာ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ နောင်သူရိန် စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။

ရခိုင်ဘက်ကနေ စစ်ရှုံးပြီးနောက် မကွေးတိုင်းထဲကိုဝင်လာတဲ့ တကက ၉ က ထွက်ပြေးလာတဲ့ ခလရ ၆၃ လက်အောက်ခံ စစ်ကောင်စီတပ်သား နှစ်ဦးကို မတ် ၂ ရက်မှာ ဖမ်းဆီးရမိခဲ့တဲ့အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ထွက်ပြေးလာတဲ့ ခလရ ၃၄၆ လက်အောက်ခံ စစ်သားလေးဦးကို ဧပြီ ၁ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

နောင်သူရိန် စစ်ဆင်ရေးတာဝန်ခံက “သူတို့က အရပ်သားပုံစံနဲ့ လာကြတာမှာ ကျနော်တို့စစ်ကြောင်းတွေနဲ့ တွေ့တယ်ပေါ့နော်။ မသင်္ကာလို့ စစ်မေးလိုက်တော့မှ စစ်ကောင်စီတပ်သားတွေမှန်း သိရတာပါ” လို့ ပြောပါတယ်။

ရခိုင်ဘက်ကနေ စစ်ရှုံးတဲ့ စစ်သားတွေဟာ ရိက္ခာပြတ်တာအပြင် တိုက်ခိုက်ခံရပြီး သေဆုံးမှာတွေကြောင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလာကြသူတွေ ရှိတယ်လို့ သိရ​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013