DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်တွင် စစ်ကောင်စီတပ်သားများ စနိုက်ပါဖြင့်ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံး
DVB
·
April 4, 2024
ကော့ကရိတ်တွင် စစ်ကောင်စီတပ်သားများ စနိုက်ပါဖြင့်ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံး
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အလက ၂ ကျောင်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ် စနိုက်ပါ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရှင်းလင်းရာ စစ်သား လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ 

ဧပြီ ၃ ရက် နေ့လယ် ၁ နာရီလောက်က နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက် PDF စနိုက်ပါအဖွဲ့က ပစ်ခက်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ 

စစ်ကောင်စီက လေကြောင်းမှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူနေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယေ။

တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက "စနိုက်ပါနဲ့ ပစ်တာလေ သေတယ်ဆိုတာ အတည်ပြုလို့ရတယ်။ လက်နက်ငယ်တွေနဲ့ပါ ပစ်ကြတာ‌ဆိုတော့ အထိအခိုက်တွေလည်း ရှိတယ်။ တိုက်ပွဲဖြစ်တာက လေးနာရီလောက်ကြာတယ်။ စခတွေဘက်က လေယာဉ်ရော ဒရုန်းနဲ့ပါ လက်နက်ကြီးနဲ့ချတာ။ နှစ်ဖက်က နီးကပ်နေတော့ တိုက်ပွဲနေရာကို မချရဲဘဲ ပြည်သူတွေနေအိမ်ပေါ်ကိုချတာ" လို့ DVB ကို ပြောပါတယ်။ 

PDF စနိုက်ပါအဖွဲ့က ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံး၊ အများအပြား ဒဏ်ရာရရှိသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ တိုက်ပွဲဖော်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ကော့ကရိတ်မြို့မှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာ လေးလကျော်ကာလအထိ ရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေက မြို့ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို သိမ်းထားနိုင်ပြီး စစ်ကောင်စီဘက်က လေကြောင်းအပါအဝါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူနေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ 

Photo ကျားဖြူစစ်ကြောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013