DVB Logo
Home
မြန်မာသတင်း
သထုံတွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေး ၂ ဦး အပါအဝင် ၆ ဦးဒဏ်ရာရ
DVB
·
April 4, 2024
သထုံတွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေး ၂ ဦး အပါအဝင် ၆ ဦးဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးနှစ်ဦး အပါအဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တလုံးလည်း ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သထုံမြို့နယ်ရှိ ကျေးရွာတွေထဲကို မတ် ၃၀ ရက်က စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၉ တပ်က လက်နက်ကြီးသုံးလုံး ပစ်ခတ်ခဲ့ရာ ချောင်းစောင့်ကျေးရွာထဲကို နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် လက်နက်ကြီးစမှန်ကာ အသက် ၁၆ နှစ်အရွယ် စောနေလင်း ကျောကုန်းဒဏ်ရာ၊ အသက် ၁၃ နှစ်အရွယ် စောဖြိုးဖြိုးက ညာဘက်ပေါင်ဒဏ်ရာ၊ အသက် ၅၆ နှစ်အရွယ် ဦးမောင်ထွေးက ညာဘက်တင်ပါး ရှပ်ထိဒဏ်ရာ ရရှိခဲ့ပြီး သူ့အိမ်လည်း ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၉ က မတ် ၂၈ ရက် မနက် ၁၀ နာရီခွဲက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးခြောက်လုံးဟာ ထုံးဘိုလေးရွာကို ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၅၇ နှစ်အရွယ် တီးပန်းစိန် ဘယ်ခြေချင်းဝတ်နဲ့ နောက်ကျောဒဏ်ရာ၊ အသက် ၂၃ နှစ်အရွယ် နော်ချောတခုက ဘယ်ဘက်ခြေသလုံးနဲ့ ဘယ်ဒူးခေါင်းဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အလားတူ မတ် ၂၇ ရက် မွန်းလွဲ ၂ နာရီကလည်း အဆိုပါတပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးငါးလုံးထဲက တလုံးဟာ ထိုး‌ကို့ကော်ရွာထဲ ကျရောက်ပြီး အသက် ၅၆ နှစ်အရွယ် နော်နောရီ ညာဘက်နောက်ကျော လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သထုံမြို့နယ် ကျေးရွာတွေထဲမှာရှိတဲ့ အရပ်သားပြည်သူရှိရာ နေရာတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ကြောက်လန့်ပြီး မကြာခဏ တိမ်းရှောင်နေရတယ်လို့ KNU-သထုံ သတင်းတာဝန်ခံက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013