DVB Logo
Home
မြန်မာသတင်း
ချောင်းဆုံ စစ်ဘေးရှောင် ၁,၅၀၀ ကျော် အကူအညီများလိုအပ်
DVB
·
April 3, 2024
ချောင်းဆုံ စစ်ဘေးရှောင် ၁,၅၀၀ ကျော် အကူအညီများလိုအပ်
1 / 6
Donate to DVB

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ချောင်းဆုံမြို့ရှိ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေရတဲ့ စစ်ရှောင် ၁,၅၀၀ ကျော် အကူအညီ လိုအပ်နေတယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။

မွန်နဲ့ ကရင်အစပ် ဓမ္မသကျေးရွာ၊ တနာနာကျေးရွာ၊ ကော့ဘိန်းကျေးရွာ၊ သံကလောင်၊ ကော့ပေါက်ကျေးရွာမှာ‌ရှိတဲ့ ဒေသခံတချို့ဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ချောင်းဆုံမြို့နယ်ရှိ ဘုန်းကြီးကျောင်းတွေနဲ့ အသိနေအိမ်တွေမှာ စစ်ရှောင်နေရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ ချောင်းဆုံမြို့နယ် ဝကမာမိုကျေးရွာ ဝင်းလဲ့ကျောင်းတိုက်နဲ့ ဝင်းလဲ့တောင်ပေါ်ကျောင်းတိုက်၊ ရွာလွတ်ကျေးရွာ မဟာဝိဟာရကျောင်းတိုက်၊ နိဂြောဓာရာမကျောင်းတိုက်၊ တောင်စွန်းအောက်ကျောင်းတိုက်၊ နှီးမုတ်ကျေးရွာ ဆန္ဒာရုံကျောင်းတိုက်၊ အပြိုင်ကျေးရွာ အောင်သိဒ္ဓိမွန်ကျောင်းတိုက်၊ ဒရယ်ကျေးရွာ ဘုန်မြင့်ကျောင်းတိုက်နဲ့ တောင်စွန်းကျေးရွာ ရာမညနိကာယ သဒ္ဓမ္မဓဇကျောင်းတိုက်တွေမှာ နေထိုင်ကြပြီး အကူအညီများစွာ လိုအပ်နေပါတယ်။

ရွာလွတ်လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “စစ်ရှောင်တွေကတော့ အဓိကကတော့ ကျိုက်မရောဘက်ကလာတာပါ။ ကော့ကရိတ်ဘက်ကလည်း အနည်းငယ်ပါတယ်။ လိုအပ်‌ချက်တွေကတော့ တော်တော်များတယ်။ လူထောင်ကျော်တော့ အစားအသောက်ကတော့ အဓိကပေါ့။ ကျန်းမာရေးစောင့်ရှောက်မယ့် အဖွဲ့တွေက‌လည်း မရှိသလောက် နည်းနေသလို ဆေးပစ္စည်းတွေကလည်း မရှိဘူး။ နေတာကျ‌တော့ အသိအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာပဲ နေနေကြတာပါပဲ။ စစ်ရှောင်စခန်းရယ်ဆိုပြီး သီးသီးသန့်သန့် မရှိပါဘူး” လို့ ပြောပါတယ်။

စစ်ရှောင်အများစုဟာ အဝတ်တထည်နဲ့ စစ်ရှောင်လာရပြီး ဘုန်းကြီးကျောင်းတွေမှာသာ အဓိကထား နေထိုင်ပြီး အကူအညီလည်း မရတာကြောင့် စားဝတ်နေရေး အခက်အခဲ ရှိနေကြတယ်လို့ စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။

“စရှောင်တည်းက ခဏဆိုပြီး ရှောင်ရင်း ဘာမှမယူခဲ့သလို ငွေရေးကြေးရေးလည်း မပါကြတော့ အကုန်အခက်အခဲဖြစ်ကြတာပေါ့။ စားဖို့ကတော့ နှပ်မှန်ပေမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ တော်တော်ကို လိုအပ်နေတယ်။ အဝတ်အထည်‌တို့ နောက်ပြီး ခြင်ထောင်တွေလည်း အများကြီး ထပ်လိုအပ်နေပါတယ်။”

မွန်-ကရင်နယ်စပ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀,၀၀၀ ကျော်ဟာ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဂူတွေနဲ့ ချောင်း‌ဆုံ၊ မော်လမြိုင်၊ ပေါင်တို့မှာ စစ်ဘေးရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013