DVB Logo
Home
မြန်မာသတင်း
နတ်တလင်းတွင် စစ်ကောင်စီတပ် စနိုက်ပါဖြင့် အပစ်ခံရပြီး ၂ ဦးသေဆုံး
DVB
·
April 3, 2024
နတ်တလင်းတွင် စစ်ကောင်စီတပ် စနိုက်ပါဖြင့် အပစ်ခံရပြီး ၂ ဦးသေဆုံး
Donate to DVB

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ အောင်ချမ်းသာသစ်လုံးရွာမှာ စခန်းလာချတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဧပြီ ၁ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။

အောင်ချမ်းသာသစ်လုံးရွာမှာ အထိုင်လာချတဲ့ စစ်ကြောင်းက အင်အား ၆၀ နီးပါးရှိပြီး တောင်ညိုရဲစခန်းဘက် တက်လာတဲ့ စစ်ကြောင်းနဲ့ မန်ကျည်းပင်ရွာကစစ်ကြောင်း နှစ်ကြောင်းပေါင်းထားကာ အဲဒီစစ်ကြာင်းကို သာယာဝတီခရိုင် တပ်ရင်း-၃၈၀၁ တပ်ခွဲ ၂ Phoenix DF၊ တပ်ခွဲ ၄ Bamar Revolution Army နဲ့ ပြည်ခရိုင် တပ်ရင်း-၃၆၀၁ တပ်ခွဲ ၂ ဧရာညီနောင် စစ်ကြောင်းတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Bamar Revolution Army ရဲ့ တပ်ခွဲမှူး ဗိုလ်လကျ်ာ “ကျနော်တို့ဘက်က လေးငါးချက်ပဲ ပစ်ရသေးတယ် နှစ်ယောက်ထိသွားတယ်။ ထိသွားတဲ့အလောင်းကို မရမက ဆွဲသွားတယ် ဆိုတော့ ထိသွားတာ အရာရှိဖြစ်မယ်လို့တော့ ယူဆတယ်။ သူတို့ဘက် နှစ်ယောက်ထိပြီးတာနဲ့ သူတို့ဘက်ကလည်း ကျနော်တို့ဘက်ကို ဒရုန်းနဲ့ရော လက်နက်ကြီးနဲ့ရော ပစ်လို့ ပြန်ဆုတ်လိုက်ရတာ” လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေက အောင်ချမ်းသာသစ်လုံးရွာအစပ် မိုင် ၂၀၀ ဝန်းကျင်ခန့်ကနေ သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမတွေအပြင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

ဆက်လက်ပြီး တပ်ခွဲမှူး ဗိုလ်လက်ျာက “နှစ်ယောက်ထိပြီးတော့ သူတို့ ဘုန်းကြီးကျောင်းထဲ ဝင်ပြေးတယ်။ အဲ့ဘုန်းကြီးကျောင်းမှာလည်း အရင်ထဲက အဆင်သင့် ထောင်ထားတဲ့မိုင်း ရှိတော့ ထပ်ခွဲလိုက်တာ ထိခိုက်မှုရှိမရှိတော့ အတည်မပြုနိုင်ဘူး” လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းက မတ် ၃၀ ရက်ကစပြီး ရွာဘက်ကိုထိုးလာပြီး ဒရုန်းနဲ့ တော်လှန်ရေးအင်အားစုတွေ ရှိရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် တော်လှန်ရေး အင်အားစုတွေဘက်က စနိုက်ပါနဲ့ ပစ်ခတ်ခဲ့ကြောင့် တဦးသေဆုံးခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ စစ်ကြောင်းက ပြန်လည်ဆုတ်ခွာသွားပေမဲ့လည်း တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013