DVB Logo
Home
မြန်မာသတင်း
တလအတွင်း စစ်တပ်က နိုင်ငံတဝန်း ပြည်သူ ၁၈၀ ကို သတ်ဖြတ်၊ ကလေး ၃၆ ဦးပါဝင်
DVB
·
April 2, 2024
တလအတွင်း စစ်တပ်က နိုင်ငံတဝန်း ပြည်သူ ၁၈၀ ကို သတ်ဖြတ်၊ ကလေး ၃၆ ဦးပါဝင်
Donate to DVB

ပြီးခဲ့တဲ့ မတ်တလတာအတွင်း စစ်အုပ်စုက နိုင်ငံတဝန်း ပြည်သူအယောက် ၁၈၀ ကို အ ကြမ်းဖက်သတ်ဖြတ်ခဲ့ပြီး အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေးသူ ငယ် ၃၆ ယောက်အထိ ပါဝင်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။

အဲဒီထဲမှာတော့ အမျိုးသမီး ၆၈ ယောက်နဲ့ အမျိုးသား ၁၁၂ ယောက် ပါဝင်နေပြီး  စစ် ကိုင်းတိုင်းမှာ ၅၇ ယောက်နဲ့ သေဆုံးသူ အများဆုံးဖြစ်ခဲ့ကာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ အရေအတွက်ကတော့ ၆၁ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တလတာအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး ၁၃ ယောက်နဲ့ အမျိုးသား ၄၂ ယောက်၊ စုစုပေါင်း ၅၅ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းမှာ ၁၂ ယောက်နဲ့ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း မြန်မာနိုင်ငံတဝန်းမှာတော့ စစ်တပ်အကြမ်းဖက် ပစ် ခတ်သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူအရေအတွက်ကတော့ အယောက် ၄,၈၂၀ နီးပါး ရှိလာခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၃၀၂ ယောက် လက်ရှိ ချုပ်နှောင်ခံထား ရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၈၈၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းကတော့ ၁၂၃ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၆ ယောက် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၆,၁၇၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013