DVB Logo
Home
မြန်မာသတင်း
အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးဝါးကုသခွင့် ရရှိရေး ဓာတ်ပုံကမ်ပိန်းပြုလုပ်
DVB
·
April 2, 2024
အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးဝါးကုသခွင့် ရရှိရေး ဓာတ်ပုံကမ်ပိန်းပြုလုပ်
1 / 4
Donate to DVB

မြန်မာနိုင်ငံအနှံ့အပြားက အကျဥ်းထောင်အတွင်းရှိ အကျဥ်းသားတွေအတွက် “အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး” ဆိုတဲ့ ဓာတ်ပုံကမ်ပိန်းကို ဧပြီ ၂ ရက်မှာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) အဖွဲ့ဝင်တွေက ပြုလုပ်ခဲ့ပါတယ်။

အကျဥ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့၊ ထောင်ဆေးရုံတွေမှာ ဆေးဝါးအလုံအလောက် ထားရှိပေးဖို့နဲ့ အရေးပေါ်လူနာတွေကို ပြင်ပဆေးရုံတွေကို အချိန်မီ ပို့ဆောင်ကုသစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငါးကြိမ်မြောက်ပြုလုပ်တာလို့ ဆိုပါတယ်။

PPNM အဖွဲ့ တာဝန်ရှိသူက “ထောင်အနည်းစုကပဲ နိုင်ငံခြားဆေးဝါးကို သွင်းခွင့်ပေးတာရှိတယ်။ တချို့က အကန့်အသတ်နဲ့ ပေးသွင်းတယ်။ သွင်းမယ်ဆိုရင်လည်း အကျဥ်းသားတွေလက်ထဲ ရောက်ဖို့ဆိုရင် တပတ်လောက်ကြာတယ်။ အဲ့တော့ အရေးပေါ် ဆေးသောက်နေရသူတွေ အတွက်ဆိုရင် တော်တော်လေးကို အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတယ်ခင်ဗျ” လို့ ပြောပါတယ်။

အကျဥ်းထောင်တွင်း ဆေးဝါးကုသခွင့် အချိန်မီမရရှိလို့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေး အကျဥ်းသားတွေ ထပ်မရှိစေရေး၊ ဆေးဝါးမလုံလောက်တဲ့ အကျဥ်းထောင်တွေက လူသတ်ကွင်းအဖြစ်နဲ့ ရှိနေတာတွေ ပျောက်ကွယ်ရေး၊ အရေးပေါ်လူနာတွေအတွက် ပြင်ပမှာ ဆေးကုခွင့်မရလို့ သေဆုံးခဲ့ရတဲ့ နိုင်ကျဥ်းမိခင်တွေနဲ့ မွေးကင်းစကလေးတွေ ထပ်မသေဆုံးရေးတွေကို ရည်ရွယ်ပြီး ပြုလုပ်တာလို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ဆေးဝါးအချိန်မီကုသခွင့် မရတာတွေ၊ ဆေးဝါးလုံလောက်မှု မရှိတာတွေကြောင့် အိုးဘို၊ မကွေး၊ ကျိုက်မရော၊ ဒိုက်ဦး၊ ကလေး စတဲ့အကျဥ်းထောင်တွေကနေ အကျဥ်းသားပေါင်း ခုနစ်ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013