DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ၌ စစ်ကောင်စီတပ် အလစ်အငိုက်တိုက်ခိုက်မှုကြောင့် PDF ဒရုန်းတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး
DVB
·
April 2, 2024
တနင်္သာရီ၌ စစ်ကောင်စီတပ် အလစ်အငိုက်တိုက်ခိုက်မှုကြောင့် PDF ဒရုန်းတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာမှာ စစ်ကောင်စီတပ်က သာလွန်အင်အား အသုံးပြုပြီး အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဒရုန်းလက်ရုံးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

မတ် ၃၀ ရက် မနက် ၆ နာရီလောက်က ဒရုန်းလက်ရုံးတပ်ဖွဲ့ဝင်လေးဦး ယာယီနားခိုနေတဲ့ စခန်းကို စစ်ကောင်စီဘက်က သာလွန်အင်အား ၇၀ ခန့်နဲ့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြန်လည်ခုခံပစ်ခတ်မှုအတွင်း ဒရုန်းတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

ကျဆုံးရဲဘော်နှစ်ဦးမှာ Dragon Squad-TNI UAV Force ဒရုန်းလက်ရုံးတပ်ဖွဲ့၊ တနင်္သာရီတိုင်းမှ တပ်စိတ်မှူး ကိုX-ray နဲ့ ရဲဘော် ကိုနှုတ်ခမ်းမွှေး တို့ဖြစ်ပြီး အလစ်အငိုက် တိုက်ခိုက်ခံရမှုအတွင်း သူတို့နဲ့အတူပါလာတဲ့ ရဲဘော်နှစ်ဦးကို ထွက်ပြေး လွတ်မြောက်စေခဲ့ပြီးမှ စစ်ကောင်စီတပ်ကို ပြန်လည်ခုခံရင်း ဖမ်းဆီးခံရပြီး ကျဆုံးခဲ့တာလို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးရဲ့ ပြောပြချက်အရ ဒရုန်းလက်ရုံးတပ်ဖွဲ့ရဲ့ ရဲဘော် ကိုX-ray နဲ့ ကိုနှုတ်ခမ်းမွှေးတို့မှာ ပြန်လည်ခုခံမှုအတွင်း ဖမ်းဆီးခံရပြီးမှ စစ်ကောင်စီတပ်ရဲ့ နှိပ်စက်ညှဉ်းပန်းမှု ခံရပြီးနောက် အသတ်ခံရတာလို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း ဒရုန်းနှစ်စီးနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် M-16 သေနတ်တလက်၊ လက်လုပ်သေနတ်တလက် တို့ကိုလည်း စစ်ကောင်စီတပ်က သိမ်းဆည်း ယူဆောင်သွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ တပတ်ကျော်လောက်ကစပြီး စစ်ကောင်စီဘက်က တပ်ရင်းတပ်ဖွဲ့တွေကို အင်အားဖြည့်တင်းလာပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်လာတာကြောင့် စစ်ရေးတင်းမာမှုတွေ ရှိလာနေတယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဓာတ်ပုံ-စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013