DVB Logo
Home
မြန်မာသတင်း
ဖျာပုံထောင်တွင် ပစ်ခတ်နှိမ်နင်းမှုကြောင့် နိုင်ကျဉ်းအပါအဝင် ၁၇ ဦးထက်မနည်း ဒဏ်ရာရ
DVB
·
April 2, 2024
ဖျာပုံထောင်တွင် ပစ်ခတ်နှိမ်နင်းမှုကြောင့် နိုင်ကျဉ်းအပါအဝင် ၁၇ ဦးထက်မနည်း ဒဏ်ရာရ
Donate to DVB

ဧရာ၀တီတိုင်း၊ ဖျာပုံမြို့အကျဉ်းထောင်မှာ မတ် ၃၁ ရက် ညနေ ၅ နာရီဝန်းကျင်က ဆူပူမှုဖြစ်ခဲ့တဲ့အပေါ် ထောင်အာဏာပိုင်တွေက ပစ်ခတ်ဖြိုခွဲမှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၁၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဖျာပုံအကျဉ်းထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ 

ဖျာပုံအကျဉ်းထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေ ပဋိပက္ခဖြစ်ရာကနေ ဆူပူမှုဖြစ်ပွားတာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ရဲအင်အား ၄၀ ဝန်းကျင်လောက် ရောက်လာပြီး အကျဉ်းသားတွေကို ပစ်ခတ်နှိမ်နင်းခဲ့တာလို့ ဆိုပါတယ်။ 

"ထောင်ဝန်ထမ်းတွေက ရိုက်နှက်လို့ ဆူပူမှုဖြစ်တာ ကနဦးသိရတယ်။ အားလုံး အကျဉ်းသား ၁၇ ယောက် ဒဏ်ရာရရှိတာတဲ့။ နိုင်ငံရေးအကျဉ်းသားတွေများတယ်လို့ သိရတယ်။ ဒီနေ့ မနက် လည်း အကျဉ်းသားခေါ်ယူစစ်ဆေးနေရတယ်လို့ သိရတယ်” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ 

စစ်ကောင်စီတပ်နဲ့ ရဲတွေက ပစ်ခတ်ဖြိုခွဲမှုကြောင့် ထောင်ဝန်ထမ်းတ ယောက် ဆေးရုံတင်ထားရပြီး နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၁၇ ဦးယောက်လည်း ဖျာပုံထောင်တွင်း ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ 

''မနက်ပိုင်းမှာ ထောင်အာဏာပိုင်တွေဘက်က ထောင်ဆူပြီး ထောင်ဖောက်ဖို့ ကြိုးစားတာကြောင့် အခုလိုဖြစ်ခဲ့တာဆိုပြီး ဒီနေ့မနက် သတင်းလွှင့်နေတယ်။ အမှန်တော့ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို နှိပ်စက်ငွေညစ်တာကြောင့် မခံနိုင်လို့ဖြစ်တာ” လို့ ဖျာပုံမြို့ခံ အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ 

ဖျာပုံထောင်တွင်းဆူပူမှုအပေါ် ရဲနဲ့ စစ်ကောင်စီတပ်သားတွေက အကျဉ်းသားတွေကို ခေါ်ယူစစ်ဆေးနေပြီး ဧပြီ ၂ ရက်အထိ ထောင်ကို ပိတ်ထားသလို ထောင်ဝင်စာတွေပါ လက်မခံဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဒါ့အပြင် ဖျာပုံမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ၊ ရဲနဲ့ ပြည်သူ့စစ်တွေဟာ ရပ်ကွက်နဲ့ လမ်းတွေမှာ လုံခြုံရေးတင်းတင်းကျပ်ထားသလို နေအိမ်တွေထဲအထိ ဝင်ရောက်ရှာဖွေစစ်ဆေး တာတွေပါ လုပ်နေတယ်လို့ ဆိုပါတယ်။ 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကလည်း ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတယောက်ဆီက လက်ကိုင်ဖုန်းတွေ့တာနဲ့ သေဒဏ်ကျခံထားသူ ကျောင်းဆရာတယောက်ကို ကြိုးပေးကွပ်မျက်ဖို့ ပြင်ဆင်နေတဲ့အပေါ် ထောင်ထဲမှာ ဆူပူမှုဖြစ်ခဲ့ပြီး ထောင်အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013