DVB Logo
Home
မြန်မာသတင်း
နှစ်သစ်ကူး လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသူများအနက် နိုင်ကျဉ်း ၁၆၀ ကျော်သာ ပါဝင်သေး
ဝေဝေ
·
April 17, 2026
Photo: DVB
Photo: DVB
Donate to DVB

ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့က အကျဉ်းသားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာမှာ နိုင်ငံတဝန်း အကျဉ်းထောင် ၁၉ ခုကနေ အကျဉ်းသား ၅၈၆ ‌ယောက် လွတ်မြောက်လာပြီး အဲဒီအထဲ နိုင်ငံရေးအကျဉ်းသား ၁၆၅ ယောက်သာ ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ နေ့လယ် ၂ နာရီထိ ရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ဧပြီ ၁၇ ရက်မှာ အကျဉ်းသား ၄,၃၀၀ ကျော်ကို စစ်အာဏာရှင်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်မှုနှုန်းက အလွန်နည်းပါးနေတာလို့ PPNM က ဆိုပါတယ်။

PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “နှစ်ရှည်လများ ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေတော့ ထောင်အတော်များများမှာ ပါမလာတာ ကျနော်တို့ တွေ့ရပါတယ်။ သီးခြား အသုတ်လိုက်နဲ့ လွတ်လာမဲ့ အခြေအနေလည်း ရှိသေးတယ်လို့ ကျနော်တို့ ကြားရတယ်ပေါ့နော်။ ဒါပေမဲ့ ဆက်ပြီးတော့ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာတော့ အကျဉ်းထောင် ၁၉ ခုမှာ ၅၈၀ ကျော် လွတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ပါဝင်မှုက ၁၆၅ ဦးဝန်းကျင်ပဲ ပါတာကို တွေ့ရပါတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

နေ့လယ် ၂ နာရီထိ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေထဲ အင်းစိန်အကျဉ်းထောင်က ၁၂ ယောက်၊ အိုးဘိုက ၈၇ ယောက်၊ သာယာဝတီက ၁၀၁ ယောက်၊ တောင်လေးလုံး (ခ) ညောင်ရွှေက ၁၀၈ ယောက်၊ ပေါင်းတည်က အယောက် ၂၀၊ ဒိုက်ဦးနဲ့ မအူပင်က ၅ ယောက်စီ၊ ကလေးထောင်က ၂၃ ယောက်၊ ပြည်ထောင်ကနေ ၇၃ ယောက်၊ ဟင်္သာတက ၅၀၊ မြင်းခြံနဲ့ ကျိုက်မရောက ၃ ယောက်စီ၊ ပုသိမ်ထောင်က ၇၃ ယောက်၊ ထားဝယ်က ၁၁ ယောက်၊ သရက်ထောင်က ၁၀ ယောက်နဲ့ ဖျာပုံထောင်က ၂ ယောက် စုစုပေါင်း ၅၈၆ ယောက် လွတ်မြောက်လာကြောင်း PPNM က ထုတ်ပြန်ထားပါတယ်။

PPNM အနေနဲ့ လုပ်ဆောင်နေတဲ့ Blue Shirt Movement (အပြာရောင်အင်္ကျီလှုပ်ရှားမှု)၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ အထူးသဖြင့် နိုင်ငံတော်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးကို ဒီထက်ပိုတိုးပြီးတော့ အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013