DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်ဝန်ကြီးဟောင်း ဝစ်ဒီကွမ်ဘ် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရဟု ယူကေရဲတပ်ဖွဲ့ပြော
July 15, 2026
Photo: REUTERS/Jack Taylor
Photo: REUTERS/Jack Taylor
Donate to DVB

ဗြိတိန်အစိုးရဝန်ကြီးဟောင်း အန်းဝစ်ဒီကွမ်ဘ်ဟာ ပြီးခဲ့တဲ့အပတ်က သူ့အိမ်ထဲမှာ ရက်ရက်စက်စက် ပစ်မှတ်ထား အသတ်ခံခဲ့ရတာလို့ ဗြိတိန်အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့က ဇူလိုင် ၁၄ ရက်မှာ ပြောပါတယ်။

သတ်တဲ့ရည်ရွယ်ချက်ကို ဖော်ထုတ်ဖို့ အရာရှိတွေက ဆောင်ရွက်နေတုန်းပဲလို့လည်း ဆက်ပြောပါတယ်။

ဝစ်ဒီကွမ်ဘ်ကို သတ်ဖြတ်မှု သံသယနဲ့ ဗြိတိသျှလူဖြူတယောက်ကို ဒေသခံရဲတပ်ဖွဲ့က ဇူလိုင် ၁၁ ရက် နှောင်းပိုင်းမှာ ဖမ်းဆီးခဲ့ ပါတယ်။ 

အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တဲ့အပြင်၊ ပြင်ဆင်လှုံ့ဆော်တယ်ဆိုတဲ့ သံသယနဲ့ သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးအရာရှိတွေက ဇူလိုင် ၁၃ ရက်မှာ ပြန်ဖမ်းခဲ့ပါတယ်။

ဝစ်ဒီကွမ်ဘ် ကို သတ်မှုအတွက် စုံစမ်းစစ်ဆေးမှုနဲ့အပြိုင် အကြမ်းဖက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်နေတယ်လို့ ဗြိတိန် အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့အကြီးအကဲ လက်ထောက်ကော်မရှင်နာ လောရန့်စ် တေလာက ပြောပါတယ်။

အသက် ၇၈ နှစ်အရွယ် ဝစ်ဒီကွမ်ဘ်ဟာ ပြီးခဲ့တဲ့အပတ်က အင်္ဂလန်အနောက်တောင်ပိုင်းမှာရှိတဲ့ သူ့အိမ်ထဲမှာ ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ ရဲအစီရင်ခံစာက ဖော်ပြပါတယ်။

ဗြိတိန်နိုင်ငံရေးသမားဟောင်း ဝစ်ဒီကွမ်ဘ် အသတ်ခံရမှုဟာ ဗြိတိန်နိုင်ငံရေးအသိုက်အဝန်းကို တုန်လှုပ်ချောက်ချားစေခဲ့ပြီး ခုတော့ ဒီအမှုကို အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ဆီ လွှဲပေးထားပါတယ်။

ဝစ်ဒီကွမ်ဘ်ဟာ ၁၉၈၇ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ မိတ်စ်-စတုန်းမဲဆန္ဒနယ်က ကွန်ဆာဗေးတစ် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာတော့ အတိုက်အခံအရန်အစိုးရ ပြည်ထဲရေးဝန်ကြီး အပါအဝင် အစိုးရရာထူးတွေကို ထမ်းဆောင်ခဲ့ပါတယ်။ 

၂၀၁၀ ပြည့်နှစ်မှာ အောက်လွှတ်တော်ကနေ ထွက်ပြီးတဲ့နောက် ဝစ်ဒီကွမ်ဘ်ဟာ Big Brother နဲ့ BBC အစီအစဉ် Strictly Come Dancing မှာ ပါဝင်တဲ့ ရုပ်မြင်သံကြားပေါ်က ငွေကြယ်ပွင့် ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ လူမှုရေးအရ ရှေးရိုးစွဲအမြင်တွေဟာ သူ့ရဲ့ နိုင်ငံရေးပြင်ပ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတလျှောက်လုံး ဆက်ရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ ဥရောပသမဂ္ဂကနေ ထွက်ဖို့ Brexit ပါတီကို ဝင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ပါတီကိုယ်စားပြု ဥရောပပါလီမန်ရဲ့ အမတ်တယောက်လည်း ဖြစ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ အစွန်းရောက်လက်ယာယိမ်း Reform UK ပါတီထဲ ဝင်ခဲ့ပြီး ကွယ်လွန်ချိန်အထိ လူဝင်မှုကြီးကြပ်ရေးနဲ့ တရားမျှတရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013