DVB Logo
Home
နိုင်ငံတကာ
သပိတ်မှောက်ဆရာဝန်များနှင့် ဆွေးနွေးရန် လမ်းဖွင့်ထားဟု တောင်ကိုရီးယား သမ္မတပြော
DVB
·
April 2, 2024
သပိတ်မှောက်ဆရာဝန်များနှင့် ဆွေးနွေးရန် လမ်းဖွင့်ထားဟု တောင်ကိုရီးယား သမ္မတပြော
Donate to DVB

ဆေးကျောင်းဝင်ခွင့်တိုးမြှင့်ရေး အစီအစဉ်ကို ဆန့်ကျင်တဲ့ ဆရာဝန်တွေနဲ့ ဆွေးနွေးဖို့ အစိုးရက လမ်းဖွင့်ထားတယ်လို့ တောင်ကိုရီးယား သမ္မတယွန်းဆွတ်ခ်ယိုးက ဧပြီ ၁ ရက်မှာ ပြောပါတယ်။

ဝေဖန်သူတွေမှာ ဆရာဝန်ရှားပါးမှုဖြေလျှော့ရေး ကျိုးကြောင်းဆီလျော်တဲ့ တခြားရွေးချယ်စရာ ကမ်းလှမ်းချက် မရှိဘူးလို့လည်း သမ္မတက ပြောပါတယ်။

နိုင်ငံကို မိနစ် ၅၀ ကြာ မိန့်ခွန်းပြောရာမှာ သမ္မတယွန်းက အစိုးရဟာ သပိတ်မှောက်ဆရာဝန်တွေနဲ့ ဆွေးနွေးဖို့တောင်းဆိုပြီးတဲ့နောက် သူ့ရဲ့ ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်တွေကို အပေးအယူလုပ်ဖို့ ဆန္ဒရှိတယ်လို့ ပထမဆုံးအကြိမ်အဖြစ် အချက်ပြခဲ့ပါတယ်။

ယွန်းရဲ့အစိုးရဟာ ဆရာဝန်တွေနဲ့ ကြိုတင်တိုင်ပင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတချို့က ပြောကြပြီး ဒီအစီအစဉ်ဟာ သင်တန်းသား ဆရာဝန်တွေအတွက် လစာနည်းပါးခြင်း အပါအဝင် လက်ရှိအခြေအနေကို ပြုပြင်ဖို့ နည်းနည်းသာ လုပ်ထားတယ်လို့ ဆိုပါတယ်။

ယွန်းကတော့ ဆရာဝန်အဖွဲ့တွေရဲ့ ပြောဆိုချက်အများအပြားကို ငြင်းဆိုခဲ့ပြီး ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုက ဘာကြောင့် လိုအပ်တယ်ဆိုတာကို မီးမောင်းထိုးပြခဲ့ပါတယ်။

ဆေးကျောင်းဝင်ခွင့်ရ ကျောင်းသားဦးရေကို ၂၀၂၅ ခုနှစ်ကစပြီး နှစ်စဉ် အယောက် ၂,၀၀၀ တိုးပေးမယ့် အစိုးရရဲ့ အစီအစဉ်ကို နိုင်ငံရဲ့ သင်တန်းသား ဆရာဝန် ၁၃,၀၀၀ ရဲ့ ၉၀ ရာခိုင်နှုန်းကျော်က ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013