
တရုတ်နိုင်ငံရဲ့ ညှိနှိုင်းဆောင်ရွက်ချက်အရ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဒုတိယဝန်ကြီးချုပ် ပရက်ဆာခွန်ဟာ ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့နဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံအကြား လက်ရှိအခြေအနေအပေါ် အပြုသဘောဆောင်ပြီး ရိုးသားတဲ့ အမြင်တွေကို ဖလှယ်ဖို့ ရည်ရွယ်ပြီး အပြန်အလှန် ယုံကြည်မှုကို ခိုင်မာစေဖို့၊ တင်းမာမှုလျှော့ချတာ မြှင့်တင်ဖို့နဲ့ ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ဒေသမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ပြန်လည်ထူထောင်ရေးအတွက် ဒီဆွေးနွေးပွဲက ရည်ရွယ်ထားတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။
အစည်းအဝေးမတိုင်မီ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ဒေသတွင်းနဲ့ ကမ္ဘာ့တဝန်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုတဲ့ ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့ တရုတ်နဲ့ နှစ်နိုင်ငံကြား ဆွေးနွေးခဲ့ပါတယ်။
ကမ္ဘောဒီးယား၊ ထိုင်းနဲ့ တရုတ်နိုင်ငံတို့အကြား သုံးပွင့်ဆိုင်တွေ့ဆုံမှုဟာ ဒီဇင်ဘာ ၂၇ ရက် မွန်းတည့် ၁၂ နာရီကစပြီး အကျိုးသက်ရောက်မဲ့ ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ သဘောတူညီခဲ့ပြီးတဲ့နောက်မှာ ကျင်းပခဲ့တာပါ။
ကမ္ဘောဒီးယား-ထိုင်း ပူးတွဲကြေညာချက်အရ နှစ်ဖက်စလုံးဟာ လက်ရှိရပ်တည်ချက်တွေကို ဆက်ထိန်းသိမ်း ထားပြီး ၇၂ နာရီကြာ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သွားမှာဖြစ်ပြီး ထိုင်းဘက်ကလည်း ထိုင်းက ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယား စစ်သား ၁၈ ယောက် ကို ပြန်လွှတ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
Source:Reuters











