DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် ပျူစောထီးစခန်းကို PDF တိုက်ခိုက်၊ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းမိ
DVB
·
April 1, 2024
မြင်းခြံတွင် ပျူစောထီးစခန်းကို PDF တိုက်ခိုက်၊ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းမိ
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ သဲဖြူဝကျေးရွာအုပ်စု၊ ကျောင်းကုန်းရွာပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူတဦးသေဆုံးကာ သေနတ်တလက်လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ဧပြီ ၁ ရက် မနက် ၅ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ပျူစခန်းကို ဝင်ရောက်တိုက်ခဲ့တာလို့ ဆိုပါတယ်။

Anyar Federal Task Force တပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက “စစ်သားနှစ်ယောက်နဲ့ ရဲသုံးယောက်လောက်က ခေါင်းဆောင်ပြီး ပျူစောထီးတွေနဲ့ ပျူစခန်းဖွင့်ထားတာ။ ကျနော်တို့ ဝင်ပစ်တော့ သူတို့ဘက်က သုံးလေးချက်ပစ်ပြီး ပြေးတာ။ စခန်းကို မီးရှို့ခဲ့တယ်” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ၁၀ မိနစ်လောက်သာ ကြာမြင့်ခဲ့ပြီး စခန်းအတွင်းမှ ဂစ်တာတလုံး၊ ၉ လုံး ဂန်းတလက်၊ ၉ လုံးကျည် ၇၆ တောင့်၊ ကျည်ကာတခု၊ ဖုန်းနှစ်လုံး၊ နာရီတလုံး၊ လေးခွတလက်၊ ဂျင်ကလိ ၁၀ ချောင်း၊ ချိန်းကြိုးတချောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အခုတိုက်ခိုက်မှုကို Anyar Federal Task Force (AFTF) အဖွဲ့နဲ့အတူ မိုရှေဒါယန် ပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၈၊ အမေ့လက်ရုံး ပြောက်ကျားတပ်ဖွဲ့ Justice Warriors Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Photo - AFTF

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013