DVB Logo
Home
မြန်မာသတင်း
နတ်တလင်းမြို့နယ်၌ စစ်ကောင်စီတပ် စနိုက်ပါဖြင့် အပစ်ခံရပြီး ၁ ဦးသေဆုံး
DVB
·
April 1, 2024
နတ်တလင်းမြို့နယ်၌ စစ်ကောင်စီတပ် စနိုက်ပါဖြင့် အပစ်ခံရပြီး ၁ ဦးသေဆုံး
Donate to DVB

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ  ဒရုန်းနဲ့ လာတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက စနိုက်ပါသေနတ်နဲ့ သွားရောက် ပစ်ခတ်ခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦး သေဆုံးတယ်လို့  Phoenix DF တပ်ဖွဲ့က ပြောပါတယ်။

တောင်ညိုရဲစခန်းကနေ အင်အား ၄၀ လောက်နဲ့ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မတ် ၃၀ ရက် မနက်က နတ်တလင်းမြို့နယ်၊ ကွင်းစမ်းရွာထိပ် ကျွန်းခင်းထဲကနေ သာယာဝတီခရိုင် တပ်ရင်း-၃၈၀၁၊ တပ်ခွဲ ၂ Phoenix DF နဲ့ တပ်ခွဲ ၄ Bama Revolution Army (BRA) စတဲ့ တော်လှန်‌ရေးတပ်ဖွဲ့တွေ ရှိတဲ့နေရာကို ဒရုန်းနဲ့လာပစ်တာလို့လို့ဆိုပါတယ်။

Phoenix DF တာဝန်ရှိသူက “သူတို့ဘက်က စစ်ကြောင်းထွက်ရင်းနဲ့ တည်နေရာရှာရင်း ဒရုန်းနဲ့ ပစ်သွားတာပါ။ ဒရုန်းအပြင် လက်နက်ကြီးနဲ့ပါ ထပ်ပစ်ပါသေးတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေရှိတဲ့နေရာကို ဒရုန်းနဲ့ ဗုံးသီးနှစ်လုံး ကြဲချခဲ့တာကြောင့် မတ် ၃၀ ရက် ညပိုင်းမှာသရက်စမ်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို သာယာဝတီခရိုင် တပ်ရင်း-၃၈၀၁၊ တပ်ခွဲ ၂ Phoenix DF နဲ့ တပ်ခွဲ ၄ Bama Revolution Army (BRA) စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ၄၀ မမ၊ ၆၀ မမတို့နဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီး မတ် ၃၁ ရက် မနက်ပိုင်းမှာ စနိုက်ပါနဲ့ သွားရောက် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

Phoenix DF တာဝန်ရှိသူက “သရက်စမ်းက သူတို့စခန်းတော့ မဟုတ်ဘူး။ သူတို့ ခဏခိုတဲ့ နေရာပေါ့။ မတ်လ ၃၀ ရက်နေ့ကတော့ သူတို့ဘက်က အထိအခိုက် ရှိ၊ မရှိတော့ အတည်မပြုနိုင်ပေမဲ့ စနိုက်ပါနဲ့ပစ်လို့ တယောက်တော့ သေသွားတယ်” လို့ ပြောပါတယ်။

ပစ်ခတ်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိဘူးလို့ သိရပြီး အခုအချိန်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် ပဲခူးရိုးမအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အကျအဆုံး ရှိတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013