DVB Logo
Home
နိုင်ငံတကာ
ဂါဇာရှိ ဟားမတ်စ် ပစ်မှတ်များကို အစ္စရေး စစ်တပ် တိုက်ခိုက်
DVB
·
March 31, 2024
ဂါဇာရှိ ဟားမတ်စ် ပစ်မှတ်များကို အစ္စရေး စစ်တပ် တိုက်ခိုက်
Donate to DVB

ဂါဇာမှာရှိတဲ့ ဟားမတ်စ် ပစ်မှတ်တွေကို အစ္စရေးစစ်တပ်က တိုက်ခိုက်နေပုံလို့ ပြောထားတဲ့ ရုပ်သံတခုကို အစ္စရေးစစ်တပ်က မတ် ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်က ပစ်မှတ်တွေကို ဟားမတ်စ်ရဲ့ အခြေခံအဆောက်အအုံနဲ့ ဥမင်လိုဏ်ခေါင်းတွေအဖြစ် ဖော်ပြခဲ့ပြီး ဗီဒီယိုရိုက်ကူးတဲ့ ရက်စွဲနဲ့ တည်နေရာကို သီးခြားအတည်မပြုနိုင်ပါဘူး။

တိုက်ခန်းတွေနဲ့ ဆေးရုံတွေ အပါအဝင် အရပ်ဘက်အဆောက်အအုံတွေကိုသုံးတဲ့ ဟားမတ်စ် စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ အစ္စရေးက ပြောပါတယ်။

ဟားမတ်စ်တွေက အစ္စရေးရဲ့ စွဲချက်ကို ငြင်းဆိုပါတယ်။ အစ္စရေးနိုင်ငံကို ဟားမတ်စ် စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့လို့ လူပေါင်း ၁၂၀၀ သေဆုံးပြီး ဓားစာခံ ၂၅၃ ဦးကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် အောက်တိုဘာ ၇ ရက်မှာ အစ္စရေးနဲ့ ဟားမတ်စ်တွေကြား စစ်ပွဲဖြစ်ခဲ့တာပါ။ 

အစ္စရေးက ဂါဇာကမ်းမြောင်က ဟားမတ်စ်တွေကို လေကြောင်းနဲ့ မြေပြင်ကနေ လက်တုံ့ပြန် ချေမှုန်းခဲ့လို့ လူပေါင်း ၃၂,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၇၅,၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာက ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

အယ်လ်ရှီဖာဆေးရုံကို ၁၃ ရက်ကြာ ဝိုင်းရံထားစဉ်အတွင်း အစ္စရေးက တိုက်ခိုက်လို့ လူနာတွေ၊ စစ်ဘေးရှောင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ စုစုပေါင်း အယောက် ၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာက မီဒီယာရုံးက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုတွေကို အီဂျစ် မြို့တော် ကိုင်ရိုမှာ တနင်္ဂနွေနေ့မှာ ပြန်စမယ်လို့ အီဂျစ်အခြေစိုက် အယ်လ် ကာဟေရာ သတင်းရုပ်သံလိုင်းက ပြောပါတယ်။

အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု အစိုးရကို ရှုတ်ချပြီး သုံ့ပန်းတွေ လွတ်မြောက်ရေးအတွက် ချက်ချင်း သဘောတူညီချက်တရပ်ပေးဖို့ အစ္စရေး ထောင်ပေါင်းများစွာက တဲလ်အဗစ်မြို့ လမ်းမတွေပေါ်မှာ ချီတက် တောင်းဆိုခဲ့ကြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013