DVB Logo
Home
နိုင်ငံတကာ
လက်နက်ထောက်ပံ့မှု သံသယဖြင့် အစ္စရေး တဦးကို မလေးရှား ဖမ်းဆီး
DVB
·
March 31, 2024
လက်နက်ထောက်ပံ့မှု သံသယဖြင့် အစ္စရေး တဦးကို မလေးရှား ဖမ်းဆီး
Donate to DVB

အစ္စရေးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသားတဦးကို လက်နက်တွေ ထောက်ပံ့တယ်လို့ သံသယရှိသူ လူ ၃ ဦးကို မလေးရှားအာဏာပိုင်တွေ ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က မတ် ၃၀ ရက်မှာ ပြောပါတယ်။

“ဒီဖမ်းဆီးမှုမှာ ဂျာလန် အမ်ပန်းင်မှာရှိတဲ့ ဟိုတယ်တခုမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား တဦးလည်း ပါဝင်ပတ်သက်နေတာ ဖြစ်ပြီးတော့ စစ်ဆေးလိုက်တဲ့အခါမှာတော့ ဒီနိုင်ငံခြားသားဟာ ပြင်သစ်နိုင်ငံကူးလက်မှတ်ကို အသုံးပြုထားတဲ့ အစ္စရေးနိုင်ငံသားဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်” လို့  ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးရေးမှူးချုပ် ရာဇာရူဒင် ဟူစိန် က မတ် ၂၉ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းပြီးနောက်မှာ သံသယရှိသူဟာ အစ္စရေးနိုင်ငံကူးလက်မှတ်ကို လွှဲပြောင်းပေးခဲ့ကြောင်း ရာဇာရူဒင်က ပြောပါတယ်။ 

သေနတ် ၆ လက်နဲ့ ကျည်ဆန် ၂၀၀ ပါရှိတဲ့ အိတ်တလုံးနဲ့အတူ ဖမ်းဆီးခံရတဲ့ အမျိုးသားဟာ မတ် ၁၂ ရက်က အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံကနေ ကွာလာလမ်ပူလေဆိပ်ကို ရောက်ရှိလာခဲ့တာပါ။ 

အဲဒီအမျိုးသားဟာ မလေးရှားကို ရောက်လာရှိပြီးနောက်မှာ လက်နက်တွေကို မှာယူခဲ့ပြီး အဲဒီအတွက် ခရစ်ပ်တို- ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပေးချေခဲ့ကြောင်းလည်း သူက ပြောပါတယ်။ 

သံသယရှိသူ အမျိုးသားဟာ သူ့မိသားစု အငြင်းပွားမှုကြောင့် တခြားအစ္စရေးနိုင်ငံသားတဦးကို လိုက်လံဖမ်းဆီးဖို့ မလေးရှားကို ရောက်ရှိလာတာဖြစ်ကြောင်း အာဏာပိုင်တွေကို ပြောကြားခဲ့ပေမဲ့ ရဲတပ်ဖွဲ့က အဲဒီအမျိုးသားကို အစ္စရေးထောက်လှမ်းရေးအဖွဲ့ဝင် ဖြစ်နိုင်ခြေ ဆိုတာကို မထုတ်ပြန်ခဲ့ပါဘူး။ 

ဒီလိုဖမ်းဆီးမှုတွေ ဖြစ်ပေါ်လာတဲ့အခါ စိုးရိမ်စရာက အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား ပြဿနာကိုလည်း သိမြင်မိကြောင်း မလေးရှားရဲတပ်ဖွဲ့ စုံစမ်းရေးမှူးချုပ် ရာဇာရူဒင် ဟူစိန် က ပြောပါတယ်။ 

ဝန်ကြီးချုပ်၊ ဘုရင်မင်းမြတ်နဲ့ VVIP အရာရှိတွေရဲ့ လုံခြုံရေးကို အရမ်းစိုးရိမ်မိပြီး လုံခြုံရေး တိုးမြှင့်ထားပါတယ်။ မွတ်ဆလင်အများစုရှိတဲ့ မလေးရှားနိုင်ငံဟာ ပါလက်စတိုင်းတွေကို စွဲစွဲမြဲမြဲ ထောက်ခံတဲ့နိုင်ငံ ဖြစ်ပြီး ဂါဇာစစ်ပွဲမှာ အစ္စရေးရဲ့လုပ်ရပ်တွေကို ဝေဖန်ထားပါတယ်။ 

မလေးရှားနိုင်ငံမှာ ပါလက်စတိုင်း ဒုက္ခသည် ၆၀၀ လောက် နေထိုင်ကြကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောထားပါတယ်။

Source/Photo-Royal Malaysia Police/via REUTERS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013