DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင်  လူငယ်စွမ်းရည်မြှင့်သင်တန်းများဖွင့်လှစ်နေ
DVB
·
March 30, 2024
စစ်ကိုင်းတွင်  လူငယ်စွမ်းရည်မြှင့်သင်တန်းများဖွင့်လှစ်နေ
Donate to DVB

တိုင်းတခုလုံးအတိုင်းအတာနဲ့ စစ်ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းမှာ လူငယ်စွမ်းရည်မြှင့်သင်တန်း ၁၀ ကြိမ်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီလို့ မုံရွာလူထုသပိတ်ဉီးဆောင်ကော်မတီ ဆီက သိရပါတယ်။

ဒီသင်တန်းကို ၂၀၂၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လူငယ်တွေကို ဦးတည်ထားတာဖြစ်တဲ့အတွက် သင်တန်းပြုလုပ်ရာဒေသက လူငယ်တွေကို လူထုလှုပ်ရှားမှုရဲ့ အရေးကြီးပုံတွေနဲ့ တော်လှန်ရေးထဲမှာ ပါဝင်နိုင်တဲ့ နည်းလမ်းတွေကို အဓိကထား ပို့ချတာလို့ မုံရွာလူထုသပိတ်ဉီးဆောင်ကော်မတီရဲ့ ပြောရေဆိုခွင့်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“တော်လှန်ရေးကာလအတွင်းမှာ လူငယ်တွေရဲ့အခန်းကဏ္ဍမြင့်တက်လာရေး၊ တော်လှန်ရေးမှာ ပိုမိုချိတ်ဆက် ပါဝင်လာနိုင်ရေးတို့ကိုရည်ရွယ်ပြီး စွမ်းဆောင်ရည်မြှင့်သင်တန်းတွေကို ပြုလုပ်ခဲ့တာပါ” လို့ သူက ပြောပါတယ်။

အခြေခံသင်တန်းဖြစ်တာကြောင့် တပတ်စဉ်မှာ ၃ ရက် သင်ကြားဆွေးနွေးပြီး သင်တန်းမှာ မြန်မာ့တော်လှန်ရေးသမိုင်းကြောင်းမိတ်ဆက်၊ ဖက်ဒရယ်မိတ်ဆက်၊ ဒီမိုကရေစီမိတ်ဆက်၊ ကျောင်းသားသမိုင်းလှုပ်ရှားမှုတွေ၊ အခြေခံလူ့အခွင့်အရေးသဘောတရားတွေ၊ လူထုရှေ့မှောက် စကားပြောခြင်း၊ ပြဿနာဖြေရှင်းနည်း၊ ခေါင်းဆောင်မှုပညာ၊ အဖွဲ့အစည်းဖြင့် လုပ်ဆောင်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ယန္တယားများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ လူထုလှုပ်ရှားမှု အဖွဲ့စည်းတွေရဲ့သဘောသဘာဝတွေကို အဓိကထား ပို့ချနေတယ်လို့ ဆိုပါတယ်။

သင်တန်းကို အပတ်စဉ် ၁၀ အထိ ဖွင့်လှစ်ထားနိုင်ပြီး တပတ်စဉ်မှာ ပျမ်းမျှအားဖြင့် သင်တန်းသား အယောက် ၃၀ လောက် တက်ရောက်တယ်လို့ သိရပါတယ်။

မုံရွာလူထုသပိတ်ဉီးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူက “သင်တန်းက အပတ်စဉ် ၁၀ ခုထိ ပြီးစီးခဲ့ပါတယ်။ သင်တန်ပြီးစီးထားတဲ့ ပျှမ်းမျှ လူငယ် အယောက် ၂၀၀ ကျော် ရှိပါတယ်။ တော်တော်များများက သက်ဆိုင်ရာဒေသတွေမှာ လူထုစည်းရုံးရေးအပိုင်းတွေ၊ လူထုလှုပ်ရှားမှုတွေ၊ လူထုသပိတ်တိုက်ပွဲတွေနဲ့ စစ်ရှောင်ပြည်သူများကူညီရေး စတဲ့ လူသားစာနာလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်နေကြပါတယ်” လို့ ပြောပါတယ်။

သင်တန်းကို တနေကုန်ပြုလုပ်ရတာနဲ့ သင်တန်းအပတ်စဉ်တွေ များလာတာကြောင့် သင်တန်းသားတွေအတွက် အစားအသောက် စီစဉ်ရတာမျိုး အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရပြီး သင်တန်းသားတွေထဲက တက်ကြွတဲ့ လူငယ်သင်တန်းသားတွေကို ရွေးချယ်ပြီး ပိုမို ထိထိရောက်ရောက် နားလည်လာအောင် TOT (ဆရာဖြစ်)သင်တန်း သဘောမျိုး ပေးဖို့လည်းရှိတယ်လို့ သင်တန်းတာဝန်ရှိသူတွေ ဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ပြည်သူကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာဟာ ၃ နှစ်ကာလထဲရောက်လာပြီဖြစ်တာကြောင့် ဒေသတွင်းက ကလေးသူငယ်တွေအနေနဲ့ ပညာသင်ကြားခွင့်မရရှိကြသလို လူငယ်တွေအနေနဲ့လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013