DVB Logo
Home
နိုင်ငံတကာ
ဘီနီကိုဂျီ ဖြည့်စွက်စာကြောင့် ဂျပန်တွင် သေဆုံးသူ ၅ ဦးအထိ ရှိလာ
DVB
·
March 30, 2024
ဘီနီကိုဂျီ ဖြည့်စွက်စာကြောင့် ဂျပန်တွင် သေဆုံးသူ ၅ ဦးအထိ ရှိလာ
Donate to DVB

ဂျပန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ကိုဘယားရှိမှ ထုတ်လုပ်တဲ့ တဆေးနီ ဆန် သို့မဟုတ် ဘီနီကိုဂျီ ဖြည့်စွက်စာတွေ စားသုံးခြင်းကြောင့် သေဆုံးသူ ၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဂျပန်ရုပ်သံ အဆာဟိက မတ် ၂၉ ရက်မှာ ဖော်ပြခဲ့ပါတယ်။ 

ဂျပန်ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနရဲ့ အဆိုအရ မတ်လ ၂၂ ရက်မှာ ပြဿနာ ဖြစ်ပွားပြီးကတည်းက ကိုဘယားရှိ ဆေးဝါးကုမ္ပဏီဟာ စားသုံးသူတွေဆီမှ စုံစမ်းမေးမြန်းမှု ၁၂,၀၀၀ ကိုလက်ခံရရှိခဲ့ပြီး ဖြည့်စွက်အားဆေးကြောင့် ဆေးရုံ တင်ထားရတယ်လို့ သံသယရှိလူနာ အရေအတွက်မှာ ၉၃ ဦးအထိ တိုးလာခဲ့ပါတယ်။ 

လက်ရှိမှာ ကိုဘယားရှိ ဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်တဲ့ အနီရောင်တဆေးဆန် ကုန်ကြမ်းတွေကို အသုံးပြုထားမှုကြောင့် တခြားကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကိုလည်း ပြန်လည်သိမ်းဆည်းမှု တိုးလာနေပါတယ်။

ကြာသပတေးနေ့မှာ ဂျပန်နိုင်ငံရှိ ကုန်စုံစတိုးဆိုင်ခွဲတစ်ခုဖြစ်တဲ့ ဖမ်မီလီ မာ့ထ်ဟာ သူ့ရဲ့ ထမင်းကြော်နဲ့ တခြား စားသောက်ကုန် ၂ ခုဟာ သက်ဆိုင်ရာပစ္စည်းတွေကို အသုံးပြုထားကြောင်း ပြောကြားခဲ့ပြီး ပြန်လည်သိမ်းဆည်းဖို့ ကြေညာခဲ့တယ်လို့ ဂျပန်မီဒီယာ အများအပြားက ဖော်ပြပါတယ်။ 

ကြာသပတေးနေ့မှာပဲ ဂျပန်နိုင်ငံရဲ့ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနဟာ ထုတ်ကုန်တွေ ပြန်လည်သိမ်းဆည်းရာမှာ အကူအညီပေးဖို့ အစားအသောက်နဲ့ ထောက်ပံ့ ပို့ဆောင်ရေးကဏ္ဍတွေကို တောင်းဆိုခဲ့ပါတယ်။ 

ဂျပန်အစိုးရဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ သတင်းရင်းမြစ်တွေကတော့ ကိုဘယားရှိ ဆေးဝါးကုမ္ပဏီဟာ အနီရောင် တဆေးဆန် ကုန်ကြမ်း ၂၀ ရာခိုင်နှုန်းကို သူ့ဘာသာသူ အသုံးပြုပြီး ၈၀ ရာခိုင်နှုန်းလောက်ကို ထုတ်လုပ်သူ အမျိုးမျိုးဆီ ရောင်းချကြောင်း ပြောဆိုကြပါတယ်။ 

အခုချိန်အထိ ကုမ္ပဏီပေါင်း ၅၀ ကျော်ဟာ သက်ဆိုင်ရာ ထုတ်ကုန်တွေကို ပြန်လည် သိမ်းဆည်း နေပါတယ်။ 

ဝါဆေဒါ တက္ကသိုလ်မှ ပါမောက္ခ အာဆုရှိ အိုဆာနိုင်က ပြည်သူတွေရဲ့ ကျန်းမာရေးကို တတ်နိုင်သမျှ အကာအကွယ် ပေးရမှာဖြစ်ပြီး ကုမ္ပဏီဟာ ဂျပန်နိုင်ငံအပြင် ပြည်ပနိုင်တွေက သက်ရောက်မှုတွေကိုလည်း ကြည့်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013