DVB Logo
Home
မြန်မာသတင်း
လမ်းပိတ်ထားသဖြင့် ပူတာအိုတွင် စက်သုံးဆီ ပြတ်လပ်
DVB
·
March 30, 2024
လမ်းပိတ်ထားသဖြင့် ပူတာအိုတွင် စက်သုံးဆီ ပြတ်လပ်
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ စက်သုံးဆီတွေပြတ်လပ်နေပြီး တချို့ဆိုင်တွေက အကန့်အသတ်နဲ့ ရောင်းချနေသလို ဆိုင်အများစုကတော့ ပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြစ်ကြီးနား-ပူတာအိုကားလမ်း ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာကြောင့် ပူတာအိုမြို့အတွင်းက ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်အတော်များများ ပိတ်ထားကြရတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ဆိုင်အတော်များများကတော့ ဆီမရောင်းပေးတော့ဘူး။ အချို့ဆိုင်တွေကတော့ အကန့်အသတ်နဲ့ရောင်းပေးတယ်။ ရောင်းပေးနေတဲ့ဆိုင်တွေကလည်း မနက်ပိုင်းလေး ခဏဖွင့်ပြီး ရောင်းပေးတာ” လို့ ပြောပါတယ်။

ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီပြတ်လပ်နေပြီး ဆီဆိုင်အချို့ကတော့ လက်ကျန်ဆီကို အကန့်အသတ်နဲ့ပဲ ရောင်းချပေးနေတာပါ။

ဒေသခံတယောက်က “ဆိုင်ကယ်တစီး ၅၀၀၀ ဖိုး ရောင်းပေးတယ်။ ၅၀၀၀ ဖိုးက တလီတာ မပြည့်ဘူး။ ဖွင့်တဲ့ဆိုင်တွေကလည်း မနက်ပိုင်းလေးပဲ ဖွင့်ပြီးရောင်းပေးနေတာ။ ဆိုင်တွေကလည်း လက်ကျန်ဆီလေးကို အကန့်အသတ်နဲ့ပဲရောင်းပေးနေကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ် KIA တို့ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ပြီးခဲ့တဲ့ မတ် ၉ ရက်နေ့က စတင်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေက မြစ်ကြီးနား-ပူတာအိုလမ်းကို မော်တော်ယာဉ်ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013