DVB Logo
Home
မြန်မာသတင်း
ငွေလဲနှုန်းတက်သဖြင့် ကျပ်ငွေနှင့် သွင်းရသည့် EPS စာမေးပွဲမှတ်ပုံတင်ကြေး ပြောင်းလဲ
DVB
·
March 29, 2024
ငွေလဲနှုန်းတက်သဖြင့် ကျပ်ငွေနှင့် သွင်းရသည့် EPS စာမေးပွဲမှတ်ပုံတင်ကြေး ပြောင်းလဲ
Donate to DVB

တောင်ကိုရီးယားအလုပ်အကိုင်အတွက် ဖြေဆိုတဲ့ EPS-TOPIK စာမေးပွဲမှတ်ပုံတင်ကြေးဟာ ဒေါ်လာငွေလဲနှုန်းတက်လို့ ကျပ်ငွေနဲ့ ပေးသွင်းရတဲ့ငွေပမာဏကို တိုးမြှင့်လိုက်တယ်လို့ ကိုယ်တိုင်ပေးသွင်းခဲ့ရသူတွေဆီက သိရပါတယ်။

အဲဒီစာမေးပွဲအတွက် မှတ်ပုံတင်ကြေးကို တဦး ၂၈ ဒေါ်လာပေးသွင်းရတာဖြစ်ပြီး ကျပ်ငွေနဲ့ ပေးသွင်းတဲ့သူတွေကို မူလက တဒေါ်လာ ၃၈၀၀ ကျပ် ပေါက်စျေးနဲ့ ၁၀၆၄၀၀ ကျပ်ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

မနေ့ကစပြီး တဒေါ်လာ ပေါက်စျေး ၃၉၀၀ ကျပ်နှုန်း သတ်မှတ်လိုက်ပြီး ၁၀၉၅၀၀ ကျပ် ပြောင်းလဲကောက်ယူတာဖြစ်တယ်လို့ ကိုယ်တိုင်ပေးသွင်းခဲ့သူတွေက ဆိုပါတယ်။

စာ​မေးပွဲမှတ်ပုံတင်ကြေးကိုယ်တိုင်ပေးသွင်းခဲ့သူ တဦးက "မနေ့က ကိုယ်တွေ သွင်းရတဲ့နေ့မှာ စျေးပြောင်းသွားတာ။ တော်တော်များများကတော့ ကျပ်ငွေနဲ့ပဲ သွင်းကြတာပါ။ ငွေလဲနှုန်း ပြောင်းတာနဲ့ စာမေးပွဲကြေးက ဆက်တက်မယ့် သဘောရှိတယ်"လို့ ပြောပါတယ်။

အဲဒီစာမေးပွဲအတွက်မှတ်ပုံတင်ကြေးကို မတ်လ ၁၉ ရက်ကစပြီး ပေးသွင်းခွင့်ပြုထားပြီး ဧပြီ ၅ ရက်အထိ သွင်းခွင့်ပြုထားပါတယ်။

EPS-TOPIKစာမေးပွဲဖြေဆိုဖို့အတွက် အွန်လိုင်းကနေလျှောက်ထားသူ ၇၅၀၀၀ နီးပါးရှိပြီး Payment နံပါတ်အလိုက် စာမေးပွဲကြေးပေးသွင်းရမယ့်နေ့တွေကို သတ်မှတ်ပေးထားပါတယ်။

စာမေးပွဲ မှတ်ပုံတင်ကြေးပေးသွင်းသူဦးရေဟာ တရက်ကိုထောင်နဲ့ချီရှိပြီး အစောပိုင်းရက်တွေက အချိန်မမီမှာစိုးလို့ ပင်လုံခန်းမရှေ့မှာ ညအိပ်စောင့်ဆိုင်းတာတွေရှိခဲ့ပေမဲ့ ရဲကခွင့်မပြုတော့လို့ သတ်မှတ်အချိန်မှာပဲ သွားရောက်ပေးသွင်းနေကြတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

တောင်ကိုရီးယားကို သွားရောက်လုပ်ကိုင်မယ်ဆိုရင် EPS-TOPIK စာမေးပွဲအောင်မြင်ထားဖို့ လိုတာကြောင့် ဖြေဆိုဖို့ စိတ်ဝင်စားမှု မြင့်တက်နေတာ ဖြစ်ပါတယ်။

ဒီနှစ်မှာ ဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသမီးတွေပါ ဖြေဆိုခွင့်ပြုလိုက်တာကြောင့် အရင်နှစ်တွေထက် စိတ်ဝင်စားမှုမြင့်တက်ခဲ့သလို ဖြေဆိုခွင့်လျှောက်ထားသူဦးရေဟာလည်း စံချိန်တင်များပြားခဲ့တယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)ရဲ့  ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013