
အိန္ဒိယနိုင်ငံမှာ ပိုးဟပ်ဂျန်ဒါပါတီကို ထောက်ခံသူတွေက ဇွန် ၂၀ ရက်မှာ နယူးဒေလီမြို့တော်မှာ စုဝေးခဲ့ကြပြီး အမျိုးသားဆေးဘက်ဆိုင်ရာဝင်ခွင့်စာမေးပွဲ ပေါက်ကြားမှုအတွက် ပညာရေးဝန်ကြီး ဓမန်ဒရာပရာဒန်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
Gen Z တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုဟာ မြို့တော်မှာ သတ်မှတ်ထားတဲ့ ဆန္ဒပြရာ နေရာတခုဖြစ်တဲ့ ဂျန်တာမန်တာပန်းခြံမှာ စုဝေးခဲ့ကြတာပါ။
အမျိုးသားအရည်အချင်း ပြည့်မီမှုဆိုင်ရာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (NEET)အတွက် မေးခွန်းစာရွက်တွေ ပေါက်ကြားမှု စွပ်စွဲချက်တွေကြောင့် ထိခိုက်ခဲ့ ပြီးနောက် အစိုးရက တာဝန်ခံဖို့ တောင်းဆိုခဲ့ကြပါတယ်။
ကျောင်းသား ၂ ဒသမ ၃ သန်းအတွက် စာမေးပွဲရလဒ်တွေကို မေလမှာ ဖျက်သိမ်းခဲ့ပြီး စာမေးပွဲကို ဇွန် ၂၁ ရက်မှာ ပြန်ဖြေဖို့ အစိုးရက စီစဉ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက ပန်းကန်တွေ၊ ဇွန်းတွေကို ထုရိုက်ခဲ့ကြပြီး “ပိုးဟပ်တွေက တာဝန်ယူမှုရှိတဲ့ အုပ်ချုပ်မှုကို တောင်းဆိုတယ်”လို့ ရေးထားတဲ့ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြပါတယ်။
ပါတီတည်ထောင်သူ အဘီဂျစ်ဒစ်ပ်ကေက စင်မြင့်ပေါ်ကနေ အိန္ဒိယအလံကို ဝှေ့ယမ်းရင်း မေးခွန်း ပေါက်ကြားပြီးတဲ့နောက် အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ ကျောင်းသားတွေအတွက် အောက်မေ့ဖွယ် ဆိုင်းဘုတ်အောက်မှာ ပန်းစည်းတွေ ချထားခဲ့ပါတယ်။
ပါတီက အစိုးရနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားပေမဲ့ ပညာရေးဝန်ကြီး ရာထူးကနေ နုတ်ထွက်တဲ့ အခြေအနေမှာသာ ဆွေးနွေးမယ်လို့ ပြောပါတယ်။
လိမ်လည်လှည့်ဖြားသူတွေက တယ်လီဂရမ်ကို လိမ်လည်လှည့်ဖြားဖို့ သုံးခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ အမျိုးသားစာမေးပွဲ အေဂျင်စီက ပြောရင်း စာမေးပွဲ ပြန်ဖြေဖို့ သတ်မှတ်ထားတဲ့ ဇွန် ၂၁ ရက် မတိုင်မီ အိန္ဒိယအစိုးရက တယ်လီဂရမ် မက်ဆေ့ချ်အက်ပ်ကို ယာယီပိတ်ပင် ထားပါတယ်။ မကြုံစဖူး ပိတ်ပင်မှုဟာ ဇွန်လ ၂၂ ရက် အထိ အကျုံးဝင်ပါတယ်။
Source: Reuters










