DVB Logo
Home
မြန်မာသတင်း
ဓမ္မသရွာ လက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်ခံရ၊ အိမ် ၁၀ လုံးကျော် မီးလောင်ပြီး ၁ ဦးဒဏ်ရာရ
DVB
·
March 29, 2024
ဓမ္မသရွာ လက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်ခံရ၊ အိမ် ၁၀ လုံးကျော် မီးလောင်ပြီး ၁ ဦးဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်မရော ဓမ္မသရွာထဲကို စစ်ကောင်စီရေတပ်က မတ် ၂၈ ရက်မှာ လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်တာကြောင့် နေအိမ် ၁၀ လုံးကျော်ပျက်စီးဆုံးရှုံးခဲ့ပြီး အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂျိုင်းမြစ်အတွင်းရှိ စစ်ကောင်စီရေတပ်က မတ် ၂၈ ရက်နေ့ ညနေ ၄ နာရီကျော်နဲ့ ည ၈ နာရီခွဲတို့မှာ ဓမ္မသရွာထဲကို လက်နက်ကြီးနဲ့ နှစ်ကြိမ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဓမ္မသရွာခံတယောက်က "ရေကြောင်းကနေ လက်နက်ကြီးနဲ့ပစ်တာ အားလုံး ၂ ကြိမ်ပါ။ ညနေဘက်ကတော့ အိမ်လောင်တာသိပေမယ့် ညဘက်ကျတော့ ထွက်မကြည့်ရဲတော့ ဘယ်လောက်လောင်လဲ မသိလိုက်ဘူး။ ည‌နေပိုင်းမှာတော့ အမျိုးသမီးတော့ ဗုံးစမှန်ဒဏ်ရာရတယ်" လို့ပြောပါတယ်။

လက်နက်ကြီးကြောင့် နေအိမ် ၁၀ လုံးကျော်မီးလောင်ခဲ့တဲ့အပြင် စစ်ကောင်စီက အရပ်ဝတ်တွေ‌နဲ့ ကင်းလှည့်နေတယ်လို့ MSFC လူသားချင်းစာနာမှုနဲ့ ကယ်ဆယ်ရေးဌာနမှူး မိဆုတဂျိုက ပြောပါတယ်။

"ပထမ မီးလောင်တာငြိမ်းလို့ ရနေပြီကို လက်နက်ကြီးနဲ့ထပ်ပစ်လို့ ထပ်ပြီးမီးလောင်သွားတာ။ ရွာထဲက သူတွေက လက်နက်ကြီးဒဏ် ကြောက်ကြောက်နဲ့ မီးငြိမ်းနေရတယ်။ ရွာထဲကသူတွေကလည်း ဘယ်မှာထွက်မရဘဲ အဲ့ထဲမှာပဲ ပိတ်မိနေကြတယ်။ စစ်ကောင်စီတပ်သားတွေလည်း အရပ်ဝတ်နဲ့ တောက်လျှောက်ကင်းလှည့်နေတယ်။"

အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ ဓမ္မသရွာကို စစ်ကောင်စီက မတ် ၂၇ ရက်နေ့ကစပြီး မြေပြင်၊ လေကြောင်းနဲ့ ရေတပ်တပ်တို့က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အိမ်ခြေ ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး လူတယောက် သေဆုံးခဲ့ကာ ၃၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ပြည်သူတွေကို မွန်ပြည်နယ်အတွင်းရှိ မွန်ပြည်သူတွေ၊ ပြည်ပရောက်မွန်ပြည်သူတွေ၊ မြန်မာနိုင်ငံရှိ ပြည်သူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့  မွန်ဖက်ဒရယ်ကောင်စီက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013