DVB Logo
Home
မြန်မာသတင်း
ရွှေပေါက်ကံစက်မှုဇုန်ရှိ SHIN SUNG အထည်ချုပ်စက်ရုံ မီးလောင်
DVB
·
March 29, 2024
ရွှေပေါက်ကံစက်မှုဇုန်ရှိ SHIN SUNG အထည်ချုပ်စက်ရုံ မီးလောင်
Donate to DVB

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံစက်မှုဇုန်အတွင်းရှိ SHIN SUNG အထည်ချုပ်စက်ရုံမှာ မတ် ၂၈ ရက် မနက်ပိုင်းက မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရွှေပေါက်ကံစက်မှုဇုန် ၁၈/၁၉ ရပ်ကွက်၊ ကနောင် ၁၄ လမ်းနဲ့ ကံ့ကော်လမ်းထောင့်ရှိ SHIN SUNG အထည်ချုပ်စက်ရုံမှာ မနက် ၆ နာရီ ၅၃ မိနစ်ခန့်က စတင်လောင်ကျွမ်းခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ကြားတာက ဘွိုင်လာအိုးက မီးပွားလွင့်ကျပြီး လောင်တာလို့ပြောတယ်။ ရုတ်တရက်ကြီး မီးဆိုတဲ့အသံကြားတော့ လန့်သွားတာပါ့။ မီးသတ်ကားတွေလည်း အများကြီး ရောက်လာတယ်။ ၁၀မိနစ်လောက်ပဲ ကြာလိုက်တယ်။”

SHIN SUNG အထည်ချုပ်စက်ရုံ မီးလောင်မှုမှာ အလျား ၁၀ ပေ၊ အနံ ၁၅ ပေရှိ ဘွိုင်လာအိုး အသုံးပြုစဥ် မီးပွားထွက်ပြီး မီးမွှေးရာမှာ အသုံးပြုတဲ့ လောင်စာအမှိုက်တွေပေါ်ကို ကျရာက မီးစတင်လောင်ကျွမ်းခဲ့ကြောင်းနဲ့ မီးလောင်မှုကြောင့် အလျားပေ ၂၀၊ အနံပေ ၂၀ ရှိ သွပ်မိုးအုပ်ညှပ် တထပ်အဆောက်အအုံနဲ့ လောင်စာအမှိုက်တွေ လောင်ကျွမ်းခဲ့တာ ဖြစ်ကြောင်း မီးသတ်ဌာန စစ်ဆေးချက်တွေအရ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး စက်ရုံမှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတဦးကို ရွှေပေါက်ကံနယ်မြေ ရဲစခန်းက ပေါ့ဆမီးသုံးစွဲမှု ဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013