DVB Logo
Home
အားကစား
တိုနေးနှင့် အီဆက်ခ်အပါအဝင် တိုက်စစ်မှူး ၁၀ ဦးအထိ အာဆင်နယ်အသင်း ပစ်မှတ်ထား
DVB
·
March 29, 2024
တိုနေးနှင့် အီဆက်ခ်အပါအဝင် တိုက်စစ်မှူး ၁၀ ဦးအထိ အာဆင်နယ်အသင်း ပစ်မှတ်ထား
Donate to DVB

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ တိုက်စစ်မှူးသစ်တဦးခေါ်ယူဖို့အတွက် တိုနေးနဲ့ အီဆက်ခ် အပါအဝင် တိုက်စစ်မှူး ၁၀ ဦးအထိ ပစ်မှတ်ထားစောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ အခုနှစ်ပရီးမီးယားလိဂ်ပွဲစဉ် ၂၈ အပြီးမှာ သွင်းဂိုး ၇၀ အထိရရှိထားပြီး သွင်းဂိုးအများဆုံး အသင်းဖြစ်နေတာပါ။

ဒါပေမဲ့ လာမယ့် ရာသီမှာတော့ တိုက်စစ်မှူးသစ်ခေါ်ယူမယ်လို့ နည်းပြအာတေတာနဲ့ အားကစားဒါရိုက်တာအီဒူးတို့က ဝန်ခံထားတာပါ။ 

Daily Mirror ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ၁၀ ဦးအထိ ပစ်မှတ်ထားစောင့်ကြည့်နေပြီး ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေး၊ နယူးကာဆယ်က အီဆက်ခ်နဲ့ စပို့တင်းလစ္စဘွန်းက ဆွီဒင်တိုက်စစ်မှူး ဂျရော့ကာစ်တို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် နာပိုလီက အိုဆင်ဟမ်၊ လိုက်ပ်ဇစ်ကအိုပန်ဒါနဲ့ ဆက်စ်ကို တို့ဟာလည်း ပစ်မှတ်ထားစာရင်းမှာ ပါဝင်နေပါတယ်။

ပေါ်တိုတိုက်စစ်မှူး အီဗန်နယ်ဆင်၊ အိုင်းယက်စ်က ဘရိုင်ယန် ဘရာ့ဘီ၊ ဖီယင်နုက ဂျီမီနက်ဇ်နဲ့ လီဗာကူဆင်က ဗစ်တာ ဘွန်နီဖစ်တို့လည်း  ပါဝင်နေပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013