DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်၌ စစ်တပ် လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၁ ဦး စိုးရိမ်ဒဏ်ရာရ
DVB
·
March 28, 2024
တနင်္သာရီမြို့နယ်၌ စစ်တပ် လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၁ ဦး စိုးရိမ်ဒဏ်ရာရ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်တောင်ယာကျေးရွာမှာ မတ် ၂၇ ရက် မနက်က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတဦး ကျည်စထိမှန်ခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသူမှာ အသက် ၅၀ ကျော်အရွယ် ဒေါ်ကင်းဖြစ်ပြီး  စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ ကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီးနောက် နေအိမ်ဘေးနား ကျရောက်ပေါက်ကွဲခဲ့ကာ ကျည်စထိမှန် ဒဏ်ရာအပြင်းအထန်ရခဲ့တာ ဖြစ်ပါတယ်။

ဒေသခံပြည်သူတဦးက “တနင်္သာရီမြို့က တောင်‌ပေါ်ကဘက်ကနေ ပစ်တာပါ။ လက်နက်ကြီးက သူ့အိမ်ဘေးနားမှာ လာကျတာ။ သူ့အိမ်ရှေ့နားမှာ သူက ကုလားထိုင်နဲ့ ထိုင်နေတုန်း လက်နက်ကြီး ဘေးနားလာကျတယ်"လို့ ပြောပါတယ်။

လက်နက်ကြီးကျည်စထိမှန်တဲ့ ဒေါ်ကင်းကို တနင်္သာရီမြို့ဆေးရုံမှာ ချက်ချင်း သွားရောက် ကုသမှုခံယူခဲ့ရပြီးနောက် ဒဏ်ရာအခြေအနေ  စိုးရိမ်ရတဲ့အတွက် မြိတ်ဆေးရုံကို ရွှေ့ပြောင်းကုသခဲ့ရပါတယ်။

လယ်တောင်ယာရွာဘက်ဟာ တနင်္သာရီမြို့နဲ့ တမုတ်ချုံးကျေးရွာကြား ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိပြီး အခုတပတ်တွင်းမှာ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေ ရက်ဆက်ပစ်ခတ်နေတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ အ‌စောပိုင်းလောက်တုန်းက တနင်္သာရီမြို့ကဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုတဦးနဲ့ အမျိုးသားတဦးတို့မှာ တာဝန်ချိန်ပြီးလို့ ဆိုင်ကယ်နဲ့  လယ်တောင်ယာရွာကို အပြန် လမ်းမှာ စစ်တပ်က လက်နက်ကြီးပစ်တော့ ထိခိုက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသားဖြစ်သူကတော့ ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီမြို့နယ်မှာ စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုတွေနဲ့ ကျည်စထိမှန်ဒဏ်ရာရသေဆုံးတဲ့ အရပ်သားပြည်သူတွေအများအပြားရှိနေတာဖြစ်ပြီး ရက်ဆက် ပစ်ခတ်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ရွာတွေလည်း အများအပြားရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013