DVB Logo
Home
မြန်မာသတင်း
ယော်ယုံတပ်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၃ ခုကို KIA ထပ်မံသိမ်းပိုက်
DVB
·
March 28, 2024
ယော်ယုံတပ်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၃ ခုကို KIA ထပ်မံသိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ်၊ မိုးမောက်-လွယ်ဂျယ် လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းသုံးခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က မတ် ၂၈ ရက် ညနေသုံးနာရီမှာ ထပ်မံသိမ်းပိုက်ရရှိတယ်လို့ လောဒန် လက်ဝါးကားတိုင်ကုန်း စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်တဲ့ KIA တပ်နဲ့ နီးစပ်သူထံကနေ သိရပါတယ်။

မတ် ၂၇ ရက်ကလည်း မိုးမောက်-လွယ်ဂျယ်လမ်းပေါ်က စစ်ကောင်စီတပ်စခန်းသုံးခုကို သိမ်းပိုက်နိုင်ခဲ့သလို ဒုတိယနေ့မှာ သုံးခု ထပ်မံသိမ်းပိုက်ရရှိတာဖြစ်ပြီး စစ်ကောင်စီတပ်စခန်း အကြီး ယော်ယုံတောင် တပ်စခန်း ပါဝင်တယ်လို့ ပြောပါတယ်။

“မနေ့က သုံးခု သိမ်းရတယ်၊ အခု ဒီနေ့ သိရသလောက်ဆိုရင် သုံးခု ထပ်ပြီးသိမ်းရတယ်။ ဒီ မိုးမောက်ဘက်ခြမ်းကဆိုရင် လောဒန် လက်ဝါးကားတိုင်ကုန်းပါမယ်၊ လွယ်ဂျယ်ဘက်ခြမ်းကဆိုရင် စေတီကုန်းရယ် နာမည်ကျော် ယော်ယုံ တပ်စခန်းအကြီး သိမ်းပိုက်ရရှိတယ်” KIA တပ်နဲ့ နီးစပ်သူက ပြောပါတယ်။

လွယ်ဂျယ်နားက စေတီကုန်းတပ်စခန်းကို မနက် ၈ နာရီဝန်းကျင်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ယောယုံတပ်နဲ့ လောဒန် လက်ဝါးကားတိုင်ကုန်းကို မနက် ၁၁ နာရီခွဲဝန်းကျင်မှာ သိမ်းပိုက်ရရှိတာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ ပတ်ဝန်းကျင်ကို မိုးမောက်၊ ဗန်းမော်မှာရှိတဲ့ တပ်စခန်းတွေကနေ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ကူပေးနေသလို မတ် ၂၇ ရက် ညကလည်း Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးမောက်မြို့ခံတဦးက ပြောပါတယ်။

“မနေ့က မနက် ၉ နာရီလောက်က စပြီး လက်နက်ကြီးတွေပစ်တာ၊ ဒီနေ့ နေ့လယ်လောက်အထိ ပစ်နေတာ၊ မနေ့ည မိုးချုပ်ပိုင်းပဲ ရပ်သွားတယ်။ ဒီနေ့မနက်လည်း ထပ်ပစ်နေတယ်။ မိုးမောက်ကကော၊ ဗန်းမော်ကကော ဆက်တိုက်ပစ်နေတာ။ မနေ့ညဆိုရင် မိုးမောက်မြို့ပေါ်မှာ လေယာဉ်လည်း အရမ်းဝဲတယ်။ လေယာဉ်ကနေ ဗုံးကြဲတဲ့ အသံတွေကော ဆက်တိုက်ပဲ နှစ်နာရီလောက်ကြာတယ်။ မနေ့ကသိမ်းလိုက်တဲ့ လောမွန်နဲ့ လောဒန်ရွာဘက်ကို လာကြဲတယ်လို့ ကြားတယ်။”

စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ လွယ်ဂျယ်မြို့ ပတ်ဝန်းကျင်မှာ ကျရောက်ပေါက်ကွဲတာကြောင့် လွယ်ဂျယ်မြို့က ပြည်သူတွေ တရုတ်-မြန်မာ နယ်စပ်ပတ်ဝန်းကျင်မှာ တိမ်းရှောင်နေထိုင်နေရတယ်လို့လည်း သိရပါတယ်။

လောဒန်နဲ့ လောမွန်ကြားက ငါးဂန်း စစ်ကောင်စီတပ်စခန်းကိုလည်း ကချင်လွတ်မြောက်ရေးတပ်မတော်က ဆက်လက်ထိုးစစ်ဆင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

မတ် ၂၇ ရက်ကလည်း မိုးမောက်-လွယ်ဂျယ် လမ်းပေါ်က သိမ်းပိုက်ရရှိတဲ့ တပ်စခန်းတွေကတော့ လောမွန်တပ်စန်း၊ ရှန်တိုင်တပ်စခန်းနဲ့ ဘန်ယောင်တပ်စခန်းတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013