DVB Logo
Home
မြန်မာသတင်း
၃ နှစ်ကျော်အတွင်း စစ်တပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၄၇၉၀ ထိ မြင့်တက်လာ
DVB
·
March 27, 2024
၃ နှစ်ကျော်အတွင်း စစ်တပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၄၇၉၀ ထိ မြင့်တက်လာ
Donate to DVB

မြန်မာနိုင်ငံတဝန်း အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်တပ်အကြမ်းဖက် ပစ်ခတ သတ် ဖြတ်မှုတွေ ကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူအယောက် ၄,၇၉၀ ကျော်ထိ ရှိလာခဲ့ပြီ ဖြစ် တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၂၈၀ ယောက် လက်ရှိ ချုပ်နှောင်ခံထား ရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၈၇၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းက တော့ ၁၂၃ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက် အပါအ ဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၁၆၆ ယောက် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၆,၁၇၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီက ကောက်ယူရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အခုနှစ် မတ် ၁ ရက်ကနေ ဒီကနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး ၆၁ ယောက် သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ ၁၆ ယောက်နဲ့ အသက် ၆၀ နှစ်အထက် သေဆုံးသူ၁၀ ယောက် ပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါ ၆၁ ယောက်ထဲ မှာတော့ ရခိုင်ပြည်နယ်မှာ ၂၂ ယောက်နဲ့ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေ နဲ့ အဆိုပါကာလအတွင်း စစ်အုပ်စု လက်ချက်ကြောင့် ကျဆုံးသွားသူတွေရဲ့ အချက် အလက်တွေကို သိရှိပါက ဖော်ပြပါ [email protected] အီးမေးလ်ဆီ တိုက်ရိုက်ပေးပို့ဆက်သွယ် အကြောင်းကြားနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013