DVB Logo
Home
မြန်မာသတင်း
မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပထမဆုံးအကြိမ် စစ်သင်တန်းဆင်းပွဲ ပြုလုပ် (ဓာတ်ပုံ)
DVB
·
March 27, 2024
မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပထမဆုံးအကြိမ် စစ်သင်တန်းဆင်းပွဲ ပြုလုပ် (ဓာတ်ပုံ)
1 / 6
Donate to DVB

မွန်ပြည်နယ်အခြေစိုက် မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ရဲဘော်၊ ရဲမေ ၃၈ ယောက်နဲ့ ပထမဆုံးဖွင့်လှစ်တဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ် ၂၅ ရက် မနက်က MSRF အခြေစိုက်စခန်းနေရာမှာ ပြုလုပ်ခဲ့ပါတယ်။

MSRF ရဲ့ ပထမဆုံးဖွင့်လှစ်တွင်သင်တန်းမှာ တက်ရောက်ခဲ့တဲ့သူအားလုံးဟာ လူငယ်ဖြစ်ပြီး အမိန့်နာခံမှု၊ လက်နက်ငယ်သုံးဆွဲမှု၊  ထိုးစစ်၊ ခွာစစ်၊ တပ်ပြန်ဆုတ်နည်းတွေနဲ့ ရှေ့ဦးသူနာပြုနည်းတွေ သင်ကြားပေးခဲ့တယ်လို့ MSRF ပြောရေးဆိုခွင့်တာဝန်ခံ နာဲနဂါ (နိုင်နဂါး) က ပြောပါတယ်။

"ဒီသင်တန်းရဲ့ထူးခြားချက်ကတော့ MSRF ရဲ့ ပထမဆုံးကိုယ်တိုင်ပို့ချတဲ့ သင်တန်းဖြစ်သလို တက်ရောက်တဲ့သူ အာလုံးကလည်း လူငယ်တွေဖြစ်တယ်။ အဲ့လူငယ်တွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေကတော့ အမြင့်ဆုံးမှာရှိနေတယ်လို့ ပြောလို့ရမယ်။ သင်တန်းပေးတဲ့ဆရာတွေကလည်း SOF သင်တန်းဆင်းတွေဆိုတော့ သင်တန်းက အတော်ကြမ်းပေမဲ့ သင်တန်းသား၊ သင်တန်းသူတွေက ကြံ့ကြံ့ခံပြီးသင်တန်းကို ပြီးဆုံးတဲ့အထိ တက်ရောက်နိုင်ခဲ့ပါတယ်" လို့ပြောပါတယ်။

သင်တန်းဆင်းသွားတဲ့ သင်တန်းသား၊ သင်တန်းသူတွေကို ချေမှုန်းရေးသင်တန်း၊ ဒရုန်းအော်ပရေတာသင်တန်း၊ ‌ဆေးသင်တန်း၊ ဆက်သွယ်ရေးသုံးဆွဲမှုကိရိယာသင်တန်း နဲ့ အခြား  သူတို့ဝါသနာပါတာနဲ့ ကျွမ်းကျင်မှုဆိုင်ရာပေါ်လိုက်ပြီး သင်တန်းထက်မံပေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

MSRF အပါအဝင် အခြားတော်လှန်ရေးအဖွဲ့အစည်းတွေမှာလည်း စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့အတွက် လူငယ်သွေးသစ်အများအပြား စစ်သင်တန်းဆင်းနေပြီး တနိုင်ငံလုံး စစ်အရှိန်အဟုန်မြှင့်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ခရီးသွားလာတာတွေမလုပ်ဖို့၊ စစ်တပ်နဲ့နီးတဲ့ နေရာတွေနဲ့ ဗုံးကြဲခံရတဲ့နေရာတွေမှာ ဗုံးခိုကျင်းတွေတူးဖို့နဲ့ တော်လှန်ရေးအဖွဲ့တွေကို ကူညီပေးဖို့‌ MSRF ပြောရေးဆိုခွင့်တာဝန်ခံ နာဲနဂါ(နိုင်နဂါး)က တိုက်တွန်းခဲ့ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF သင်တန်းဆင်းပွဲကို မဟာမိတ်တွေဖြစ်တဲ့ ABSDF ကျောင်းသားတပ်မတော်တပ်ရင်း (၁)၊ ဒေါနစစ်ကြောင်း၊ Ye Air Force(YAF)၊ ရေးသိမ်းငှက်၊ Ye Defense Force(YDF)၊ ရေးပြောက်ကျားတပ်(YGF)၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးတပ်ဖွဲ့ (MSRO) တို့ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013